၁၉ နှစ်အရွယ်သမီးဖြစ်သူနဲ့ တန်းတူလှပနေတဲ့ အသက် ၄၀ နှစ်အရွယ် single mother တစ်ဦးရဲ့ လျို့ဝှက်ချက်

ဂျပန်နိုင်ငံရှိ အသက် ၄၀ နှစ်အရွယ် Ayumi Kawabata အမည်ရှိကြင်ဖော်မဲ့မိခင်တစ်ဦး ဟာ သမီးဖြစ်သူရဲ့ ၁၉ နှစ်ပြည့်မွေးနေ့ကိုဂုဏ်ပြုတဲ့အနေဖြင့် သူမရဲ့Instagram မှာ သမီးဖြစ်သူနှင့်အတူတွဲရိုက်ထားတဲ့ဓါတ်ပုံများကို တင်ပြီးနောက် ထိုဓာတ်ပုံများဟာ လူမှုမီဒီယာမှာပျံ့နှံ့သွားခဲ့ပါတယ်။

ကီမိုနိုနှင့်ဆံပင်ကိုလှိမ့်ထားတဲ့ သူမတို့ရဲ့ဓာတ်ပုံထဲမှာ Ayumi Kawabata ရဲ့မျက်နှာကလူတစ်ယောက်ရဲ့လက်ဖဝါးလောက်ပဲကြီးပါတယ်၊ သူမရဲ့အသွင်အပြင်တွေက ငယ်ရွယ်ပြီးနူးညံ့သိမ်မွေ့နေပါတယ်။ထိုဓာတ်ပုံများကိုကြည့်ခြင်းအားဖြင့် သင့် စိတ်ထဲမှာ မိခင်ကဘယ်သူ သမီးဖြစ်သူကဘယ်သူလဲ ဆိုတာကို သင် တွေးမိပါလိမ့်မယ်။သေချာကြည့်ပြီးတဲ့နောက် အမေဖြစ်သူကိုအသိအမှတ်ပြုနိုင်ပေမဲ့လည်း သူမက အရမ်းနုပျိုလွန်းနေပါတယ်။

Ayumi ရဲ့အသက်အရွယ်ကိုငြင်းပယ်နေတဲ့ သူမရဲ့အလှတရားက အင်တာနက်အသုံးပြုသူများစွာကို အံ့အားသင့်စေခဲ့ပါတယ်။Ayumi Kawabata ရဲ့ လူကြိုက်များမှုမှာ သူမဟာ “ဂျပန်အမျိုးသမီးအလှအပပြိုင်ပွဲ” မှာအနိုင်ရခဲ့တဲ့အပြင် ဂျပန်နိုင်ငံရှိ အကျော်ကြားဆုံးအလှအပဆိုင်ရာ ဆွေးနွေးသူလည်း ဖြစ်ခဲ့ပါတယ်။

ပြိုင်ပွဲအပြီး သူမဟာ ကြင်ဖော်မဲ့မိခင်ဖြစ်ကြောင်း၊ တက္ကသိုလ်မှာ ပညာသင်ကြားချိန် သူမ မှာ ကိုယ်၀န်ရှိသွားတာကြောင့် အိမ်ထောင်ပြုရန်ကျောင်းမှထွက်ခဲ့ရကြောင်းနှင့် သူမအသက် ၂၆ နှစ်အရွယ်မှာ အိမ်ထောင်ရေးအဆုံးသတ်ခဲ့တယ် လို့ဆိုထားပါတယ်။ကွာရှင်းပြီးနောက် သူမဟာ ကျောင်းပြန်တက်ခဲ့ပြီးသမီးငယ်ကို တစ်ယောက်တည်းပြုစုပျိုးထောင်ခဲ့ပါတယ်။

နှစ်များတစ်လျှောက် Ayumi ရဲ့မိဘများက သူမကျောင်းတက်နေစဉ် သူမရဲ့သမီးငယ်ကိုပြုစုပျိုးထောင်ပေးခဲ့ပါတယ်။အသက် ၄၀ အရွယ်မှာပင် သူမ ဟာ ပါးလွှာတဲ့ ကိုယ်ခန္ဓာအနေအထားကိုထိန်းသိမ်းထားဆဲဖြစ်ပါတယ်။ Ayumi ဟာ သူမကိုယ်သူမ ယုံကြည်မှုအပြည့် ရှိသလို နောက်ထပ်လက်ထပ်ရန်လည်း အလျင်မလိုတော့ဘဲ ယခုမှာ သူမရဲ့တစ်ကိုယ်ရေဘဝကိုပျော်မွေ့နေပါပြီ ဖြစ်ပါတယ်။

သူမရဲ့ နုပျိုလွန်းတဲ့အသွင်အပြင်များရဲ့လျှို့ဝှက်ချက်ကိုမေးမြန်းတဲ့အခါ သူမ ဟာ တစ်ပတ်မှာ နှစ်ကြိမ်လောက် ကိုယ့်အသားအရေကို နေရောင်ဒဏ်မှကာကွယ်ရေးနှင့်အစိုဓာတ်ဖြည့်တင်းမှုကိုအာရုံစိုက်ခြင်းက သူမအား ပြန်လည်နုပျိုစေသလို သွေးလည်ပတ်မှုကို အားကောင်းစေတယ်လို့ ဆိုပါတယ်။ သူမဟာ ယောဂကျင့်စဉ်ကို ၅ နှစ်ကြာ ကျင့်သုံးခဲ့ခြင်းကြောင့် ဒီလိုပါးလွှာကြော့ရှင်းတဲ့ပုံရိပ်ကိုထိန်းသိမ်းထားနိုင်တယ် လို့လည်း ဆိုထားပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*