၁၈နှစ်တိတိကို ကားပေါ်တွင်သာနေထိုင်ပြီး ခင်ပွန်းသည်၏ အလုပ်များကို ကူလုပ်ပေးရင်းဖြင့် အေးအတူပူအမျှ အနားတွင်သာရှိနေပေးခဲ့သည့် ဇနီးသည်

၁၈နှစ်တိတိကို ကားပေါ်တွင်သာနေထိုင်ပြီး ခင်ပွန်းသည်၏ အလုပ်များကို ကူလုပ်ပေးရင်းဖြင့် အေးအတူပူအမျှ အနားတွင်သာရှိနေပေးခဲ့သည့် ဇနီးသည်

မိမိဘဝ၏ အိမ်ထောက်ဖက်ဆိုသည်မှာ အေးအတူပူအမျှ အတူတူ ရင်ဆိုင်ပေးနိုင်ရန် အသင့်ရှိသူများဖြစ်နေရပေမည်။အချို့သည် မိမိဘဝ၏ သာယာမှုအတွက်သာ လက်ထပ်မင်္ဂလာပြုရန် စဉ်းစားတတ်ကြပြီး အခက်အခဲများကို ရင်ဆိုင်ရန် ဆန္ဒမရှိကြပေ။

သို့သော်လည်း တရုတ်နိုင်ငံမှ အမျိုးသမီးတစ်ဦး၏ ခင်ပွန်းအပေါ်တွင်ထားရှိသော မေတ္တာစေတနာသည်ကား အလွန်ပင်စစ်မှန်လွန်းလှပေသည်။လက်ထပ်ပြီးသည့်အချိန်တွင် ခက်ပွန်းဖြစ်သူဟာ ကုန်တင်ကားများကို မောင်းနှင်သူဖြစ်သည့်အတွက် အိမ်ပြန်ချိန်ဟာ နည်းနေသည်ကို သိရှိခဲ့သည်။

ထို့ကြောင့် ခင်ပွန်းဖြစ်သူကို အနားတွင် ပြုစုပေးနိုင်ရန်အတွက် ကားပေါ်တွင်သာ နေထိုင်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ယခုဆိုလျှင် သူတို့လင်မယားနှစ်ဦးဟာ ကားပေါ်တွင်သာနေထိုင်ပြီး အလုပ်များကို ကြိုးစားလုပ်ကိုင်နေကြသည်မှာ ၁၈နှစ်အထိပင်ရှိလာပြီဟု သိရပါတယ်။

Zawgyi





 

 

Be the first to comment

Leave a Reply

Your email address will not be published.


*