(၁၅) နှစ်အကြာက ကတိစကားကိုတည်အောင် ကြိုးစားခဲ့သူ

အမေရိကန်ဒေါ်လာ (၅) သန်းဆု ထီပေါက်ခဲ့သူတစ်ဦးဟာ သူငယ်ချင်းကို ဆုကြေးငွေ ခွဲပေးခဲ့ပြီး (၁၅) နှစ်အကြာက ကတိစကားကိုတည်အောင် ကြိုးစားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ၊ နယူးယော့ခ်မြို့၊ ဘရွန့်ဇ်မြို့နယ်မှာ နေထိုင်ခဲ့တဲ့ ဂိုလီယို (Daniel Golio) ဟာ ပြီးခဲ့တဲ့ ဧပြီလက CASHX100 ထီလက်မှတ်ကနေ ကန်ဒေါ်လာ (၅) သန်းဆု ပေါက်ခဲ့တာပါ။

ဂိုလီယိုဟာ လွန်ခဲ့တဲ့ (၁၅) နှစ်တုန်းက ”ငါတို့နှစ်ယောက်ထဲမှာ ဘယ်သူပဲထီပေါက်ပေါက်၊ (၂၀) ရာခိုင်နှုန်း ခွဲပေးရမယ်” လို့ သူငယ်ချင်းဖြစ်သူ လော်ရာ (Laura Bianco) နဲ့ ကတိပြုခဲ့ကြဖူးပါတယ်။ နယူးယော့ခ်မြို့က အီတလီတန်းလို့ လူသိများတဲ့ ဘရွန့်ဇ်မြို့နယ်မှာ ဂိုလီယိုထီထိုးခဲ့တာကို လော်ရာ မသိပေမယ့် ဂိုလီယိုက မရိုးမဖြောင့် မလုပ်ဘဲ သူတို့နှစ်ယောက်ကြား ထားခဲ့ဖူးတဲ့ ကတိကို တည်ခဲ့ပါတယ်။

ဂိုလီယိုနဲ့ လော်ရာဟာ လွန်ခဲ့တဲ့ နှစ် (၃၀) ကတည်းက သိကျွမ်းခဲ့သူတွေဖြစ်ပြီး မိသားစုချင်းလည်း ရင်းနှီးသူတွေပါ။ ထီပေါက်ခဲ့တဲ့နောက် ဂိုလီယိုဟာ လော်ရာရဲ့ ဖခင်ကို ပထမဆုံး ဖုန်းဆက် အကြောင်းကြားခဲ့ပါတယ်။ ဂိုလီယိုဟာ ထီဆုကြေးငွေ (၅)သန်းထဲက တစ်သန်း ရရှိမှာဖြစ်ပြီး အခွန်ဆောင်ပြီးရင် အမေရိကန်ဒေါ်လာ (၆၆၁,၈၀၀) ရရှိမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*