၁၁နှစ်ကြာ ပျောက်ဆုံးသွားသည့် ခင်ပွန်းဖြစ်သူကို လမ်းဘေးတွင်တောင်းစားနေသူအဖြစ် ပြန်တွေ့ခဲ့ပြီးနောက် သစ္စာမပျက်ဘဲ ပြုစုစောင့်ရှောက်ပေးခဲ့သည့် အမျိုးသမီး

၁၁နှစ်ကြာ ပျောက်ဆုံးသွားသည့် ခင်ပွန်းဖြစ်သူကို လမ်းဘေးတွင်တောင်းစားနေသူအဖြစ် ပြန်တွေ့ခဲ့ပြီးနောက် သစ္စာမပျက်ဘဲ ပြုစုစောင့်ရှောက်ပေးခဲ့သည့် အမျိုးသမီး

နှလုံးတစ်ခုလုံးကို ပုံအပ်ပြီး ယုံစားကာ ချစ်ခင်မြတ်နိုးသူများအတွက် အချစ်သည် အလွန်အရေးပါ ဒြပ်မဲ့တစ်ခုပင်ဖြစ်သည်။ယခုတွင်လည်း ဗီယက်နမ်မှ အမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူ ပျောက်ဆုံးသွားခဲ့သဖြင့် ၁၁နှစ်တိုင်အောင် ကြိုးစားရှာဖွေနေခဲ့သည်။

သူမ၏ ခင်ပွန်းဖြစ်သူဟာ စိတ်ဝေဒနာကို ခံစားရပြီးနောက်တွင် နေအိမ်မှ ထွက်သွားပြီး ပျောက်သွားခဲ့ခြင်းဖြစ်သည်။တစ်နေ့တွင် အမျိုးသမီးသည် tik tokကြည့်နေစဥ် tik tokထဲတွင် သူမ၏ ခင်ပွန်းနှင့်တူသည့် လမ်းဘေးတွင် နေထိုင်ကာ တောင်းစားနေသူတစ်ဦးကို တွေ့ရှိခဲ့ရသည်။

ထိုtik tokဗီဒီယိုလေးကို လူတစ်ဦးဟာ အိမ်ဘေးတွင် အမြဲလှည့်ပတ်တောင်းစားနေသော အမျိုးသားကို ရိုက်ကူပြီး တင်ပေးခဲ့ခြင်းဖြစ်သည်။ထို့နောက် အမျိုးသမီးဟာလည်း ဗီဒီယိုတင်သူကို စုံစမ်းကာ သွားရောက်ကြည့်ရှု့သည့်နောက် အမှန်တကယ်ပင် သူမ၏ ခင်ပွန်းဖြစ်နေခဲ့သည်။

ထို့နောက် အမျိုးသမီးဟာ ခင်ပွန်းကို အိမ်သို့ပြန်လည်ခေါ်ဆောင်သွားပြီး သစ္စာမပျက်ဘဲ ပြုစုစောင့်ရှောက်ပေးခဲ့သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*