၁၀ နှစ်ကြာ နေ့တိုင်း Selfie ရိုက်ယူပြီး ကြီးမားတဲ့သူ့ရဲ့ရုပ်ရည်ခြားနားချက်ကိုပြသခဲ့တဲ့ ကောင်လေးတစ်ဦး(ရုပ်သံ)

၁၀ နှစ်ကြာ နေ့တိုင်း Selfie ရိုက်ယူပြီး ကြီးမားတဲ့သူ့ရဲ့ရုပ်ရည်ခြားနားချက်ကိုပြသခဲ့တဲ့ ကောင်လေးတစ်ဦး(ရုပ်သံ)

ဆယ်ကျော်သက်အရွယ်မှ အရွယ်ရောက်ပြီးသူအဖြစ်သို့ ပြောင်းလဲသွားတဲ့သင့်ရုပ်ရည်ကို ပြန်စဉ်းစားကြည့်ဖူးပါသလား။Niall Grey အမည်ရှိတဲ့အမျိုးသားတစ်ယောက်ကတော့ အဲဒီအပြောင်းအလဲတွေကိုမြင်ရဖို့အတွက် အသက် ၁၄ နှစ်အရွယ်မှစတင်ခဲ့ပြီး အသက် ၂၄ နှစ်မပြည့်ခင်အထိ ၁၀နှစ်လုံးလုံး နေ့တိုင်း သူ့selfieပုံကို ရိုက်ယူခဲ့ပါတယ်။

သူ့ရဲ့ ကျိန်းသေခြားနားချက်တွေကို တွေ့မြင်နိုင်ပါတယ်။Niall ဟာ အဆိုပါစီမံကိန်းကိုစတင်ခဲ့ပြီးနောက် တစ်ပတ်အတွင်း သူ့ရဲ့ပုံပန်းသဏ္ဍန်ပြောင်းလဲပုံအဆင့်ဆင့်ကို မြင်တွေ့ရတော့ နည်းနည်းကြာအောင် ပြုလုပ်ရန်ဆုံးဖြတ်ခဲ့တာပါ။Niall ဟာ ရက်သတ္တပတ်ရဲ့အဆုံးမှာ နည်းနည်းချင်းစီ ကွဲပြားခြားနားသွားတဲ့သူ့ပုံစံကိုကြည့်ရှုဖို့ အိပ်ရာမဝင်ခင် နေ့တိုင်းကိုယ့်ကိုယ်ကို ဓာတ်ပုံရိုက်ဖို စိတ်ဝင်စားလာခဲ့ပါတယ်။

“အဲဒီအချိန်တုန်းက တစ်ပတ်တာ ပြီးဆုံးသွားတာက ကျွန်တော့်အတွက် အတော်လေးအထင်ကြီးစရာကောင်းတယ်လို့ထင်ခဲ့ပေမဲ့ ဆက်လုပ်ဖို့ဘယ်တော့မှမစီစဉ်ထားခဲ့ဘူး ၊ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ကျွန်တော့်ရဲ့ နေ့စဉ်လုပ်ရိုးလုပ်စဉ်တစ်ခုလိုဖြစ်လာခဲ့တယ်” လို့ Niall က ပြောပြခဲ့ပါတယ်။

အချိန်ကြာလာတာနှင့်အမျှ Niall ရဲ့ကင်မရာလည်း အရည်အသွေးတိုးတက်လာတာကို သေချာပေါက် တွေ့မြင်နိုင်ပါတယ်။ဒီတော့ ၁၀ နှစ်တာကာလအတွင်း Niall ရဲ့အသွင်ပြောင်းမှုကို စာဖတ်သူတို့လည်း ကြည့်ရှုနိုင်ဖို့ ဖော်ပြပေးခဲ့လိုက်ပါတယ်။ စာဖတ်သူတို့လည်း ကိုယ့်ရဲ့တစ်နှစ်ပြီးတစ်နှစ် ပြေားလဲလာတဲ့ရုပ်ရည်ကို အသေးစိတ်ကြည့်ရှုချင်တော့ Niall လို နည်းလမ်းနဲ့ လိုက်လုပ်ကြည့်ကြည့်ကြပါနော်။

#6

#7

#8

#9

#10

#11

#12

#13

#14

#15

#16

#17

#18

#19

#20

 

Be the first to comment

Leave a Reply

Your email address will not be published.


*