
၁၀ရက်မှတစ်ခါ ရေချိုးတဲ့ခင်ပွန်းနဲ့ အတူဆက်မနေနိုင်တော့လို့ ကွာရှင်းဖို့ အမှုဖွင့်ခဲ့တဲ့ အမျိုးသမီး
အိန္ဒိယနိုင်ငံရှိ အမျိုးသမီးတစ်ဦးဟာ ထူးဆန်းတဲ့အကြောင်းပြချက်တစ်ခုကြောင့် ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းဖို့လုပ်ခဲ့ပြီးနောက် နိုင်ငံ့ခေါင်းကြီးပိုင်းသတင်းမှာ ဖော်ပြခံခဲ့ရပါတယ်။ Bihar ပြည်နယ် Vaishali မြို့မှာ နေထိုင်တဲ့ အသက် ၂၀ နှစ်အရွယ် Soni Devi အမည်ရှိအဆိုပါအမျိုးသမီးဟာ ခင်ပွန်းဖြစ်သူ အသက် ၂၃နှစ်အရွယ် Manish Ram က ရေမချိုးလို့ သူ့နဲ့ဆက်ပြီး ကြာကြာပေါင်းသင်းမနေထိုင်နိုင်တော့ကြောင်း ပြောကြားခဲ့ပါတယ်။
SWC မှ ပြောရေးဆိုခွင့်ရှိတဲ့ Pratima Sinha က သူမအနေနဲ့ ကွာရှင်းပြတ်စဲခြင်းကို ဘာကြောင့်လိုလားကြောင်းတိုင်ကြားသူရဲ့ ထူးဆန်းလွန်းတဲ့အကြောင်းပြချက်ကြောင့် သူမ အံ့အားသင့်သွားခဲ့ရကြောင်း ဆိုခဲ့ပါတယ်။အဆိုပါ စုံတွဲက ၂၀၁၇ ခုနှစ်ကတည်းကလက်ထပ်ခဲ့ကြတာပါ။
သို့ပေမဲ့ Manish က သူဟာ ကွာရှင်းပြတ်စဲခြင်းကို မလိုလားသလို ရှေ့လျောက် Soniရဲ့အမိန့်အတိုင်း သူ့ရဲ့ဘဝပုံစံကို တိုးတက်ပြောင်းလဲလာအောင် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဖြစ်ကြောင်း ငြင်းဆိုပြောကြားခဲ့ပါတယ်။၎င်းဖြစ်ရပ်ကို အချို့အင်တာနက်အသုံးပြုသူတွေက ကွာရှင်းမှုရဲ့အကြောင်းပြချက်က အသေးအဖွဲသာသာဖြစ်တယ်လို့ဆိုနေခဲ့ကြပေမဲ့ အချို့ကလည်း သူမရဲ့ဆုံးဖြတ်ချက်တွေကို အပြစ်တင် ဝေဖန်ခြင်းမလုပ်သင့်ကြောင်း ပြောဆိုနေခဲ့ကြပါတယ်။
Leave a Reply