ဧကရာဇ်မင်းဝတ်စုံ နဲ့ စတိုင်လ်ကျကျ ငါးရောင်းနေခဲ့တဲ့ ကြောင်လေး

ဧကရာဇ်မင်းဝတ်စုံ နဲ့ စတိုင်လ်ကျကျ ငါးရောင်းနေခဲ့တဲ့ ကြောင်လေး

ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ Cho အမည်ရှိတဲ့ ကြောင်လေးဟာ သူ့ရဲ့ဧကရာဇ်ဝတ်စုံနဲ့ ငါးရောင်းနေခဲ့တဲ့ ဓာတ်ပုံလေးတွေကြောင့် social media ပေါ်မှာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။ ကြောင်လေးရဲ့ပုံစံကြောင့် လူချစ်လူခင်များတဲ့အပြင် သူ့နာမည် Cho ဟာ ဗီယက်နမ်လို ခွေးလေး လို့ အဓိပ္ပါယ်ရလို့ လူတွေပိုသတိထားမိခဲ့တာပါ ။ အကြောင်းကတော့ Cho ဟာ ခွေးတွေလို အမူအကျင့်တွေရှိနေလို့ သခင်ဖြစ်သူက အခုလိုနာမည်ပေးထားခဲ့တာဖြစ်ပါတယ် ။

Cho နဲ့ သခင်ဖြစ်သူတို့ ဈေးကိုအလယ်သွားကြရင်း ငါးစိမ်းသည်အဒေါ်ကြီးက Cho ရဲ့ပုံစံကိုတွေ့ပြီး ဓာတ်ပုံအတူရိုက်ချင်လို့ ခေါ်ထားတာပါ ။ အဆိုပါဓာတ်ပုံတွေကို Cho ရဲ့ သခင်ဖြစ်သူက social media ပေါ် ဝေမျှပေးခဲ့တာပါ ။

လက်ရှိမှာတော့ Cho ဟာ အသက် 3 နှစ်အရွယ်ခန့်ရှိနေပြီဖြစ်ပြီး ၊ ကြောင်ပေါက်စအရွယ်ကတည်းက ဓာတ်ပုံရိုက်ရတာကိုကြိုက်နှစ်သက်ပြီး သခင်နဲ့အတူ ခရီးထွက်ရတာမျိုးကိုလည်း နှစ်သက်ကြောင်း သိရှိရပါတယ် ။ သခင်ဖြစ်သူကတော့ Cho ကို ဝတ်စုံပုံစံမျိုးစုံနဲ့ ချစ်ဖို့ကောင်းနေအောင် ဝတ်စားပေးလေ့ရှိကြောင်း သိရပါတယ်

#5

#6

#7

#8

#9

#10

#11

#12

#13

Be the first to comment

Leave a Reply

Your email address will not be published.


*