
အွန်လိုင်းမှတစ်ဆင့် ဝက်ကလေးတစ်ကောင်ကို ဝယ်ယူကာ မောင်နှမရင်းခြာသဖွယ် အတူတူနေထိုင်ကာ လူသားတစ်ဦးလို ပြုစုစောင့်ရှောက်ခဲ့သည့် အမျိုးသမီး
များစွာသော တိရိစ္ဆာန်လေးများကို လူသားတို့ဟာ အိမ်မွေးတိရိစ္ဆာန်အဖြစ်မွေးမြူကာ အလှအနေဖြင့်လည်းကောင်း အိမ်စောင့်ရစေရန်အတွက်လည်းကောင်း မွေးမြူတတ်ကြသည်။သို့သော် ဝက်ကဲ့သို့ တိရိစ္ဆာန်ကိုမှု စီးပွားရေးအတွက်သာ မွေးမြူပြီး သီးသန့်ထားရှိတတ်ကြသည်။
ယခုတွင်တော့ တရုပ်နိုင်ငံမှ ဝက်ကလေးတစ်ကောင်ဟာ ကံကောင်းစွာဖြင့် လူသားတစ်ဦးလို နေအိမ်ထဲတွင် အဆင့်မြင့်မြင့်နေထိုင်ခွင့်ရခဲ့သည်။ထိုဝက်ကလေး၏ ပိုင်ရှင်မှာ ကောင်မလေးတစ်ဦးပင်ဖြစ်သည်။ကောင်မလေးဟာ ဝက်ကလေးကို လိုင်းပေါ်တွင် ရောင်းချနေသည်ကို တွေ့ရှိခဲ့ပြီးနောက်တွင် ချစ်ခင်နှစ်သက်ကာ ၂၀၁၈တွင် ဝယ်ယူခဲ့သည်။
ဝယ်ယူပြီးနောက်တွင် ဝက်ကလေးကို မောင်နှမတစ်ဦးကဲ့သို့ ပြုမှုဆက်ဆံကာ နေအိမ်ထဲတွင် အတူတူနေထိုင်ခဲ့သည်။ယခုအခါတွင် ဝက်ကလေးဟာ အလွန်ဝဖြိုးကာ ကြီးမားလှသော ဝက်တစ်ကောင်ပင်ဖြစ်နေပြီဖြစ်သည်။
Zawgyi
Leave a Reply