အွန်လိုင်းပေါ်မှ ပထမဆုံး စာသင်ကြားသည့်နေ့တွင် ရေချိုးရင်း စာလာသင်သည့်တပည့်ကြောင့် ရေချိုးပြီးအောင်စောင့်ပြီးမှ စာသင်ခဲ့ရသည့် ဆရာတစ်ဦး၏ အဖြစ်

အွန်လိုင်းပေါ်မှ ပထမဆုံး စာသင်ကြားသည့်နေ့တွင် ရေချိုးရင်း စာလာသင်သည့်တပည့်ကြောင့် ရေချိုးပြီးအောင်စောင့်ပြီးမှ စာသင်ခဲ့ရသည့် ဆရာတစ်ဦး၏ အဖြစ်

ကမ္ဘာမြေကြီးတွင် ကပ်ဆိုးတစ်ခုကို ကြုံတွေ့ရသောကြောင့် ပညာရေးတစ်ခုလုံး ရပ်တန့်သွားခဲ့ရပြီး ကမ္ဘာအနှံတွင် အွန်လိုင်းပေါ်မှ စာသင်ကြားနိုင်ရန် ကြိုးပမ်းလာခဲ့ကြပါတယ်။ထိုင်းနိုင်ငံတွင်လည်း ကျောင်းဆရာတစ်ဦးဟာ တပည့်လေးများကို အွန်လိုင်းမှတစ်ဆင့် စာပေများသင်ကြားပေးရန် ကြိုးပမ်းခဲ့ပါတယ်။

ထို့ကြောင့် စာသင်ကြားမည့်အချိန်၌ တပည့်များဟာလည်း လိုင်းပေါ်တတ်လာခဲ့ပြီး တပည့်တစ်ဦးဟာ ရေချိုးနေရင်းဖြင့် လိုင်းပေါ်တတ်လာခဲ့ပါတယ်။တပည့်လေးဟာ စာသင်ကြားရမည့်အချိန်ကို မကြည့်မိခဲ့ဘဲ ရေချိုးနေရင်းမှ သတိရသွားခဲ့ပြီး လိုင်းပေါ်တတ်လာခဲ့ပုံ ရပါတယ်။

သူငယ်ချင်းကျောင်းသားများလည်း ရေချိုးနေသည့်ကောင်လေးကို အမျိုးမျိုးစနောက်ပြီး ရယ်မောနေခဲ့ကြပါတယ်။ဆရာဖြစ်သူဟာလည်း ကျောင်သားလေးကို ရေချိုးပြီးအောင် ဘယ်အချိန်ထိ စောင့်ပေးရမလဲကွာဟု ပြောကြားခဲ့ပါသေးတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*