
အင်တာနက်ကနေ ချစ်ကျွမ်းဝင်ပြီး ချစ်သူဖြစ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးကို တွေ့ခွင့်ရဖို့ မိုင်ပေါင်းများစွာ ကွာဝေးတဲ့ နယ်သာလန်နိုင်ငံကနေ တရုတ်နိုင်ငံထိ လာတွေတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ. ချစ်သူကောင်မလေးကို တွေ့ခွင့်ရဖို့ လေဆိပ်မှာ ဆယ်ရက်တိုင် စောင့်ဆိုင်းခဲ့ပေမယ့် တွေ့ခွင့်မရသွားခဲ့ပါဘူး။
နယ်သာလန်နိုင်ငံသား အသက် ၄၁ နှစ်အရွယ် Alexander Pieter Cirk အမည်ရှိ အမျိုးသားဟာ တရုတ်ပြည် Changsha လေဆိပ်ကို မိုင်ပေါင်း ၃၀၀၀ ကျော် ခရီးနှင်လာခဲ့ရတာပါ ။ သူ့ရဲ. အွန်လိုင်းချစ်သူ အသက် ၂၆ နှစ်အရွယ် တရုတ်မလေး Zhang ကို တွေ့ခွင့်ရဖို့ သူက လေဆိပ်ထဲမှာ စောင့်ဆိုင်းနေခဲ့တာပါ။
မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်ဆိုင်းနေခဲ့ပေမယ့် Zhang ကတော့ ရောက်မလာခဲ့ပါဘူး။ အခုလို စောင့်ဆိုင်းနေတာကို တရုတ်အွန်လိုင်းမီဒီယာတွေက သတင်းရေးသား ဖော်ပြကြသလို Zhang နဲ့လည်း အဆက်အသွယ် ပြုခဲ့ကြပါတယ် ။ ဒါပေမယ့်လည်း သူမကတော့ အခြားမြို.ကို မျက်နှာခွဲစိတ်ပြုပြင်ဖို့ ရောက်နေခဲ့တာကြောင့် လာမတွေ့နိုင်ခဲ့ဘူးလို့ ဆိုပါတယ် ။ ဒါကြောင့်မို့ ဖုန်းပိတ်ထားတာလို့လည်း ဆိုပါတယ်။
Crik ကတော့ ဆယ်ရက်တိုင် စောင့်စားပြီး ဆေးရုံတက်ရောက် ကုသခဲ့ရကာ အခုတော့ နယ်သာလန်ကို ပြန်သွားခဲ့ပြီ ဖြစ်ပါတယ် ။ Zhang က သူမကို အွန်လိုင်းကနေ လေယာဉ်လက်မှတ်တွေ ပြနေစဉ်က နောက်နေတာလို့ ထင်ခဲ့မိတာကြောင့် အခုလို အခြားမြို.မှာ ခွဲစိတ်မှုသွားလုပ်နေမိတာလို့ သိရပါတယ် ။ သူတို့နှစ်ဦးလုံးကတော့ နောက်တစ်ကြိမ်ကျရင် တွေ့ခွင့်ရမယ်လို့ မျှော်လင့်နေကြပါတယ်။
Leave a Reply