အွန်လိုင်းပေါ်ကပုံလေးတစ်ပုံကြောင့် မိုင်ပေါင်း၁၅၀၀အကွာက ဖူးစာရှင်ကိုလိုက်ရှာခဲ့တဲ့အမျိုးသား

ချစ်ခြင်းမှာ တွေ့ပါမြင်ဖန်များလာမှလို့ ဆိုပေမယ့်လည်း အပြင်မှာတစ်ခါမှမမြင်ဖူးပဲနဲ့ မြတ်နိုးနိုးချစ်မိသွားတဲ့ လူတွေကိုလည်း မြင်ဖူးကြမှာပါ။ အင်တာနက်မှာတွေ့တဲ့အချစ်တွေရဲ့ အများစုဟာ မယုံကြည်ရပေမယ့်လည်း တချို့လူတွေအတွက်ကတော့ လူမှုကွန်ယက်ပေါ်မှာမြင်မိရုံနဲ့ ချစ်ခင်မြတ်နိုးမိသွားတယ်ဆိုတဲ့အကြောင်းကို ကနေနိုင်နိုင်ငံသား တစ်ယောက်က သက်သေပြခဲ့ပါတယ်။

အသက်(၆၀)အရွယ်ရှိပြီဖြစ်တဲ့ ကနေဒါနိုင်ငံသားတစ်ဦးဟာ လူမှုကွန်ယက်ပေါ်မှာ သူချစ်မိသွားခဲ့တဲ့ အမျိုးသမီးကိုရှာပုံတော်ဖွင့်ဖို့အတွက် ကနေဒါနိုင်ငံကနေ မိုင်ပေါင်းထောင်ချီကွာဝေဒတဲ့ တရုတ်နိုင်ငံကို အရောက်လာခဲ့ပါတယ်။ ကနေဒါနိုင်ငံသား ဖြစ်တဲ့ မာလိုနီဟာ လူမှုကွန်ယက်ပေါ်မှာသူချစ်ခင်မိသွားတဲ့ အမျိုးသမီးကိုရှာဖွေဖို့အတွက် တရုတ်နိုင်ငံ ရှန်ဇီမြို့ကို ရောက်ရှိလာပါတယ်။

ထိုအမျိုးသမီးရဲ့ နာမည်ကတော့ ရီလီဖြစ်ပြီးူ ကနေဒါနိုင်ငံသား မာလိုနီနဲ့ လူမှုကွန်ယက်ပေါ်မှာ ရင်းနှီးခဲ့တာ ၁နှစ်လောက်ရှိပြီပဲ ဖြစ်ပါတယ်။ ရီလီဟာ မာလိုနီနဲ့ ရင်းနှီးပြီးတဲ့နောက်မှာ သူမရဲ့ ဓာတ်ပုံတွေပို့ပေးခဲ့ပါတယ်။ မာလိုနီက သူဟာ ရီလီကို ဓာတ်ပုံ ထဲမှာ မြင်တွေ့ ပြီးနောက် အလွန်ချစ် သွားကြောင်း၊ မိမိ အနေဖြင့် ရီလီကို ရှာဖွေ သွားမည် ဖြစ်ကြောင်း ဟြေကြားခဲ့ပါတယ်။မာလိုနီဟာ ပြီးခဲ့တဲ့ ကာလတွေမှာ ရီလီကို အီးမေးလ်နဲ့ အဆက်အသွယ် ပြုလုပ်ခဲ့ပြီး တရုတ်စာတွေကို ဘာသာပြန်ရာမှာ ပေါင် (၁၁၀၀) နီးပါး အသုံးပြုခဲ့ရ ပါတယ်။

မာလိုနီဟာ ရီလီကို ကြိုးစားရှာဖွေပေမယ့်လည်း လူဦးရေ ၁၀သန်းရှိတဲ့ ရှန်ဇီမြို့မှာ လူတစ်ယောက်ကိုရှာဖွေရတယ်ဆိုတာ ကောက်ရိုးပုံထဲအပ်ပျောက်ရှာနေရသလိုပဲ ဖြစ်နေပါတယ်။ သို့သော်လည်း မာလိုနီကတော့ ရီလီကို တွေ့ခဲ့ပါက ပေါင်းသင်း လက်ထပ်ယူ သွားမှာ ဖြစ်ပြီး ကနေဒါမှာ အဆင်မပြေပါက သူ့အနေနဲ့ တရုတ်နိုင်ငံမှာ ပြောင်းနေထိုင်ဖို့ ကြိုးစား သွားမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*