
အွန်လိုင်းကြော်ငြာကနေ ကြောင်ပေါက်လေးအား ဝယ်ယူခဲ့မိရာ ကြောင်မဟုတ်ပဲ ကျားတစ်ကောင်သာဖြစ်နေခဲ့၍ အခက်တွေ့နေရသော ဇနီးမောင်နှံ
ကြောင်လေးများသည် ချစ်စရာကောင်းပြီး လူတို့အတွက် အပျင်းပြေ အဖော်လည်းရ၍ အိမ်မွေးတိရစ္ဆာန်အဖြစ် အလွန်မွေးမြူကြသည်။
သို့ဖြစ်၍ ပြင်သစ်နိုင်ငံမှ ဇနီးမောင်နှံနှစ်ဦးသည် အွန်လိုင်း ကြော်ငြာတစ်ခုတွင် ကြောင်ပေါက်လေး ရောင်းသည် ဆိုပြီး တွေ့ရှိခဲ့၍ ယူရို ၆၀၀၀ တန်ဖိုးရှိ ချစ်စရာကြောင်ငယ်လေးအား စာချုပ်နှင့်အတူ ဝယ်ယူခဲ့သည်။
ဝယ်ယူလိုက်သော ကြောင်မှာ ဆာဗားနားကြောင်အမျိုးအစား ဖြစ်ပြီး တောခွေးနှင့် ကြောင်စပ်ထားသော မျိုးစိတ်ဖြစ်၍ အိမ်တွင် မွေးထားပိုင်ခွင့်ရှိသည်။ထိုသို့ တယုတယနှင့် ကြောင်ပေါက်လေးအား မွေးလာရင်း သတိထားလာမိရာ တဖြည်းဖြည်းနှင့် ကျားပုံပေါက်လာ၍ သက်ဆိုင်ရာရဲတပ်ဖွဲ့အား အကူအညီတောင်းပြီး စစ်ဆေးစေခဲ့သည်။
ထို့နောက် သူတို့မွေးထားသော ကြောင်လေးမှာ အံ့အားသင့်စွာဖြင့် ဆူမားတြား ကျားမျိုးစိတ်ဖြစ်နေကြောင်း သိခဲ့ရပြီး ကျား ကိုတော့အိမ်တွင်မွေးခွင့် မပြုထား၍ ရဲများဧ။် စစ်ဆေးခြင်းကို ခံလိုက်ရသေးသည်။
Zawgyi
Leave a Reply