အေးခဲ ထားသော အစားအစာ များကိုစားသင့်သော အကြောင်းအချက် ၅ခု

လူအများစု၏စိတ်တွင် အေးခဲ ထားသော အစားအစာ များသည် လတ်ဆတ်သော အစားအစာ များလောက် မကောင်းဟုထင်နေတတ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ အေးခဲ ထားသော အစားအစာ များသည် ကြာရှည် ခံထားရသည့်အတွက် အာဟာရ တန်ဖိုး နည်းပါး သည်ဟု ယုံကြည် နေခြင်းကြောင့်ဖြစ်သည်။

ထို့ပြင် အာဟာရ ဓာတ်များ လုံးဝမပါတော့ဟုလည်းထင်တတ်ကြသည်။ အမှန်တော့ ထိုသည်မဟုတ်ပါ။ အေးခဲ ထားသောအစားအစာ များကိုစားသုံးခြင်းဖြင့်လည်း

အကျိုးကျေးဇူး များစွာရရှိနိုင်ပါသည်။


အေးခဲ ထားသော အစားအစာ များသည် အာဟာရ ဓာတ်ပြည့်ဝသည်

အေးခဲ ထားသော အစားအစာ များကိုမူလက အာဟာရဓာတ် ပြည့်ဝ၍ အရသာ အကောင်းဆုံးသောရင့်မှည့်ချိန်တွင် ရယူစုဆောင်းခူးဆွတ်ရသည်။ ထို့နောက်လယ်ကွင်းပြင်ထဲတွင် အေးခဲ အောင်ထားရသည်။ ထို့ကြောင့်အခြားလတ်ဆတ်သောအသီးများနှင့် ကယ်လိုရီ ပါဝင်မှု ၊ အာဟာရ တန်ဖိုး နှင့် ကျန်းမာရေး ညီညွတ်မှု အတူတူပင်ဖြစ်သည်။ ငါး များဆိုလျှင် တစ်နေ့တည်းအတူတူဖမ်းမိတာချင်းတူလျှင်တောင် အေးခဲ ထားသော ငါး ကပို၍လတ်ဆတ်နေတတ်သည်။

အေးခဲ ထားသော အစားအစာ များသည်အဆင်ပြေ၍အသုံးပြု၍လွယ်ကူသည်

အလုပ် တာဝန်များဖြင့်မအားလပ်နိုင်သူတို့အဖို့ အစားအစာ ပြင်ဆင်ချက်ပြုတ်ရန် အချိန် များစွာမပေးနိုင်ကြပေ။ အိမ်ရှင်မတို့အတွက် ဟင်းလျာများကိုခုတ်ထစ်၍ ငရုတ်ကောင်းနှင့်နယ်ရခြင်းမျိုးသည် အချိန် ကုန်လူပန်းဖြစ်စေတတ်သည်။ ထိုအခြေအနေမျိုးတွင် အေးခဲ ထားသော အစားအစာ များကအတော်အဆင်ပြေသည်။ ကျန်းမာရေး နှင့်ညီညွတ်အောင်ထုတ်ပိုးထားပြီးအသင့်စားသုံးရန်ပြင်ဆင်ထားသောကြောင့်ဖြစ်ပါသည်။

အေးခဲ ထားသော အစားအစာ များသည် စီးပွားရေး အရတွက်ခြေကိုက်သည်

အေးခဲ ထားသော အစားအစာ များသည် စားသုံးသူ ၏ လိုအပ်ချက် အပေါ်မူတည်ပြီးအရည်အသွေးပြည့်မီ အောင်ပြင်ဆင်ထားခြင်းဖြစ်ရာအနည်းငယ်စားပြီးမှမကုန်လျှင် ကျန်တာကို ရေခဲသေတ္တာ ထဲထည့်၍နောက်တစ်ကြိမ်ပြန်လည်စားသုံး၍ရသည်။

သို့သော်လတ်လတ်ဆတ်ဆတ်ရသော အစားအစာ များကတော့သင့်တော်သောအချိန်တွင် စား၍မကုန်လျှင် စွန့်ပစ်ရမည်ဖြစ်သည်။ ထိုအခြေအနေနှစ်ရပ်တွင် အေးခဲ ထားသော အစားအစာ များကလေလွင့်စွန့်ပစ်ရခြင်းမျိုးမရှိသည့်အတွက် အကုန်အကျများစွာသက်သာစေသည်။

အေးခဲ ထားသော အစားအစာ များက အရသာ ရှိသည်

လူအများစုက အေးခဲ ထားသော အစားအစာ များသည် လတ်ဆတ်သော အစားအစာ များလောက် အရသာမရှိဟုထင်တတ်ကြသည်။ သို့သော်လည်းကိုယ်ချင်းစာတရားနှင့် ပေါင်းစပ်ဖန်တီးပါက အေးခဲ ထားသော အစားအစာ များကိုအသုံးပြု၍အရသာရှိသောဟင်းလျာအမယ်များစွာချက်ပြုတ်နိုင်ပါသည်။

အေးခဲ ထားသော အစားအစာ များကိုအသုံးပြုနည်း

အေးခဲ ထားသော အစားအစာ များသည် အသုံးပြုရလွယ်ကူအဆင်ပြေသော်လည်းစိတ်ချရသောနည်းလမ်းဖြင့် အသုံးပြုရန်လိုပါသည်။

အခန်း အပူချိန် ကိုရှောင်ပါ

အခန်း အပူချိ န်သည် ၂၀ မှ ၂၂ ဒီဂရီဆဲလ်ဆီးယပ်စ် ကြားရှိတတ်သဖြင့် ဘတ်တီးရီးယားပိုးမွှားများပေါက်ဖွားရှင်သန်နိုင်သည်။ အေးခဲ ထားသော အစားအစာ များကိုအခန်းအပူချိန်နှင့် ကြာရှည်စွာထိတွေ့မိပါကစားသုံးရန် အန္တရာယ် ရှိနိုင်သည်။

ရေခဲသေတ္တာကိုအသုံးပြုပါ

အေးခဲ ထားသော အစားအစာ များကိုအရည်ပျော်အောင်လုပ်ရန် အလွယ်ကူအလျင်မြန်ဆုံးမှာ ရေခဲသေတ္တာ ထဲထည့်ခြင်းဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် အခန်းအပူချိန်တွင်ထားခြင်းထက် များစွာအချိန်ယူရသော်လည်း ဘတ်တီးရီးယား ပိုးများပေါက်ဖွားမှုကိုမူဟန့်တားပေးသည်။ ထို့ပြင် ရေခဲသေတ္တာထဲထည့်၍ အရည်ပျော်အောင်လုပ်ထားသောအစားအစာသည် ပြန်၍အေးခဲအောင် လုပ်ရာတွင်လည်းပိုမိုလွယ်ကူသည်။

အေးသောရေကိုသုံးပါ

အေးခဲ ထားသော အစားအစာ များကိုစားသုံးတော့မည်ဆိုလျှင် ရေအေး ထဲတွင်စိမ်၍အသုံးပြုနိုင်သည်။ သို့သော် ဂရုပြုရမည့်အချက်မှာ အစားအစာ ကိုလုံခြုံစွာထုပ်ပိုးရန်ဖြစ်သည်။

ထိုမှသာ အစားအစာ ကိုရေထဲသို့ စိမ်၍ရေဝသောအခါ အပြင်သို့ယိုစိမ့်မှုမရှိစေရန်ဖြစ်သည်။ စိမ်ထားသောရေသည် အခန်း အပူချိန် ကိုရောက်လျှင် ရေကိုအသစ်လဲပေးရမည်။ ထို့ပြင်ရေအေးထဲထည့်၍ အရည်ပျော်အောင်လုပ်ထားသောအစားအစာသည် ပြန်လည်အေးခဲအောင် လုပ်၍မရတော့ပါ။

ပူသောရေကိုသုံးပါ

အေးသော အစားအစာ ကိုချက်ချင်းစားလိုလျှင် ပူနွေးသောရေကအကောင်းဆုံးဖြစ်သည်။ အသင့်တော်ဆုံးအပူချိန်မှာ ၆၀ ဒီဂရီဆဲဆီးယပ်စ် ဖြစ်သည်။ ယခုနည်းသည် ပါးပါးလှီးထားသော အစားအစာ များအတွက် အကောင်းဆုံးဖြစ်သည်။

လှီးဖြတ်ထားသော အစားအစာ အစိတ်အပိုင်းကကြီးလျှင် ရေခဲသေတ္တာ ကိုသာသုံးပါ။ရေအေးဖြင့်လုပ်သောနည်းကဲ့သို့ပင် ရေပူနှင့် အရည်ပျော်ထားပြီးသော အစားအစာ ကို ပြန်လည်အေးခဲအောင်လုပ်၍မရတော့ပါ။

မိုက်ကရိုဝေ့ဗ် မီးဖို သုံးပါ

အေးသော အစားအစာ ကို မြန်မြန်စားလိုလျှင် မိုက်ကရိုဝေ့ဗ် မီးဖို ကိုလည်းအသုံးပြုနိုင်သည်။ သတိထားရမည့်အချက်မှာအစားအစာ ကိုထုပ်ပိုးထားသော

ပလတ်စတစ် ကိုဖယ်ရှားပြီးမှသာ မီးဖို ထဲသို့ထည့်ရမည့်အချက်ဖြစ်သည်။

သတိပြုရန်

ဟင်းသီးဟင်းရွက် များကိုမူအရည်ပျော်အောင်မလုပ်ရဘဲတိုက်ရိုက်ဆူပွက်အောင်ချက်ပြုတ်နိုင်သည်။ အရည်ပျော်အောင်လုပ်ခြင်းသည် ပါဝင်သောအာဟာရဓာတ်များကို ဆုံးရံှုးစေနိုင်သောကြောင့်ဖြစ်သည်။

အေးခဲ ထားသော အစားအစာ များသည်လည်း တန်ဖိုး ကိုယ်စီရှိသည် ဖြစ်ရာယခုပင်စားသုံး၍ သင်နှင့်သင့်မိသားစုအတွက် အကျိုးကျေးဇူးများရယူလိုက်ပါ။ သတိပြုရမည့်အချက်မှာအရည်ပျော်အောင်လုပ်သည့်နည်းကိုမှန်ကန်စွာသုံးစွဲတတ်ဖို့ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*