အုပ်ဆောင်းပေါ်တွေမှာ မှေးမှိန်တက်တဲ့ ကြောင်းလေးတွေကို ရပ်တန့်ဖို့ ဆန်းသစ်တဲ့ အကြံဥာဏ် ဝေမျှလာခဲ့တဲ့ အမျိုးသား

အုပ်ဆောင်းပေါ်တွေမှာ မှေးမှိန်တက်တဲ့ ကြောင်းလေးတွေကို ရပ်တန့်ဖို့ ဆန်းသစ်တဲ့ အကြံဥာဏ် ဝေမျှလာခဲ့တဲ့ အမျိုးသား

အိမ်တွေမှာ သူငယ်ချင်းကောင်း ခွေးတွေ ကြောင်တွေ ရှိတဲ့သူ မည်သူမဆို များသော အားဖြင့် သူတို့တွေက ထူးထူးဆန်းဆန်းနေရာတွေမှာ အိပ်စက်လေ့ရှိကို သိရှိကြမှာအမှန်ပါ။ အခုတစ်ခါမလည်း မလေးရှားနိုင်ငံက Zack Yusuf Ozil လို့ခေါ်တဲ့ အမျိုးသားတစ်ဦးက သူ့အိမ်မွေးကြောင်တွေရဲ့ အိပ်စက်မှု ပုံစံကို အကောင့်တစ်ခုမှာ မျှဝေလာခဲ့ပါတယ်။

ကြောင်လေးတွေက ထူးထူးဆန်းဆန်း အုပ်ဆောင်းပေါ်မှာ ကြံကြံဖန်ဖန် အိပ်စက်‌နေခဲ့ပါတယ်။ ၎င်းအပြုအမူအတွက် မကောင်းတဲ့အချက်တစ်ခုကတော့ ကြောင်အမွေးတွေဟာ အစားအစာပေါ်တွေမှာ ကျနေနိုင်တာကြောင့် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်လည်း Ozil က ၎င်းတို့ကို အုပ်ဆောင်းပေါ်အိပ်စက်ခြင်းမှ တားဆီးနိုင်ရန် အုပ်‌ဆောင်းရဲ့အပေါက်ကြားတွေမှာ ခရင်းဇွန်းများ ထိုးထည့်နေကြရပါတယ်။

“Ozil ရဲ့ ဓာတ်ပုံကို ကြည့်ပြီး နောက်တစ် နေ့မှာ ငါတို့ကြောင်ကို အုပ်ဆောင်းပေါ်မှာ တစ်ခဏမှေးမှိန်သွားတဲ့အခါ ကျွန်တော်တို့ ဘာလုပ်ရမယ်ဆိုတာကို သိနိုင်ခဲ့ပါပြီ” ဆိုပြီး Netizen တွေက ပြောဆိုကြပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*