
အုန်းဆီ ဟာ ကျန်းမာရေး အတွက် အထူးသင့်လျော်ပြီး လူသုံးများတဲ့ အရာတစ်ခုပါ။ အလှအပ ရေးရာအတွက် အသုံးပြုကြသလို အခြားချက်ပြုတ်ခြင်းနဲ့ ဆေးဝါး တွေ အဖြစ်လည်း အသုံးများကြပါတယ်။ ဒါပေမယ့် အုန်းဆီ ကို မသုံးသင့်တဲ့ အချိန်တွေ ရှိပါတယ်။ အဲ့ဒီအချိန်တွေကတော့
ဝိတ်ချဖို့ကြိုးစားနေချိန်မှာ မသုံးသင့်ပါ
အုန်းဆီ မှာ ကယ်လိုအများကြီး ပါဝင်တယ်လို့ ကျွမ်းကျင် သူတွေက ဆိုပါတယ်။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းမှာ ၁၁၇ကယ်လိုရီ ပါဝင်ပါတယ်။ သံလွင်ဆီနဲ့ နှိုင်းလိုက်ရင် အရမ်းများပါတယ်။ ဒါကြောင့် ဝိတ်ချ နေသူတွေဆိုရင် အစားအစာတွေထဲမှာ အုန်းဆီ မထည့်သင့်ပါဘူး။
သွားတိုက်ဆေး အဖြစ် မသုံးစွဲရပါ
ရှေးတုန်းကတော့ အုန်းဆီ အနှစ်ဟာ သွား နဲ့ ခံတွင်းကို မွှေးပျံ့ပြီး သန့်ရှင်းစေတယ်လို့ ပြောကြပါတယ်။ လေ့လာတွေ့ရှိချက်အသစ်အရ ဖရိုရိုက်ကသာ ခံတွင်းအတွင်းက ဘတ်တီးရီးယား တွေကို လျှော့ချပေးနိုင်ပြီး အုန်းဆီ ကတော့ မပြုလုပ်ပေးနိုင်ပါဘူး။ သွားတိုက်ဆေး မရှိဘူးဆိုရင်တော့ ရေ နဲ့ပဲ ပလုတ်ကျင်းတာဖြစ်ဖြစ် ဆားနဲ့ တိုက်တာဖြစ်ဖြစ် လုပ်တာ အကောင်းဆုံးပါပဲ။ အုန်ုးဆီ ဟာ ခံတွင်း အတွက် ထူးထူးခြားခြား ဘာမှ မလုပ်ပေးနိုင်ပါဘူး။
ထိခိုက်ရှနာဖြစ်တဲ့အခါ မသုံးပါဘူး
ထိခိုက်ရှနာ၊ ပွန်းပဲ့နာ၊ အနီပြင်တွေ ဖြစ်တာနဲ့ အခြား အရေပြားပေါ်က အနာတွေကို အုန်းဆီ မလိမ်းပေးရပါဘူး။
နေရောင် ဒဏ်ကာကွယ်ရန် မသုံးပါဘူး
UV ကာကွယ်နိုင်တဲ့ အစွမ်းအချို့ အုန်းဆီ မှာ ရှိပါတယ်။ ဒါပေမယ့် အုန်းဆီ မှာ SPF 8 ဝန်းကျင်ပဲ ရှိပါတယ်။ ဒါကြောင့် အခြား 30 လောက်ရှိတဲ့ Cream နဲ့ Moisture တွေကို လိမ်းမှ ရပါမယ်။ ဘာကြောင့်လဲဆိုရင်တော့ နေရောင်ခြည်မှာပါတဲ့ UV ဟာ တဖြည်းဖြည်း များလာတဲ့ အတွက် အုန်းဆီ ဟာ မနိုင်ပါဘူး။
ရေချိုးရာမှာ မသုံးပါဘူး
အုန်ုးဆီ ဟာ အသားအရေကို ချောမွေ့စေတာ မှန်ပါတယ်။ ဒါပေမယ့် အပြည့်အ၀ မဟုတ်ပါဘူး။ ရေ ချိုးကန်ထဲမှာ အုန်းဆီ ထည့်ပြီး ချိုးခြင်းဟာ သင့်ကို ချော်လဲစေခြင်းကလွဲရင် အခြား ဘာမှ မပေးနိုင်ပါဘူး။
အပူချိန် မြင့်မြင့်နဲ့ ချက်ပြုတ်ရာမှာ အုန်းဆီ ကို မသုံးပါဘူး
အုန်းဆီ ကို အနောက်နိုင်ငံတွေမှာ အခြား မုန့်ဖုတ်ခြင်းနဲ့ အချို့မီးအေးအေးနဲ့ ချက်ရမယ့် ဟင်းလျာတွေမှာသုံးကြပါတယ်။ မြန်မာပြည် မှာတော့ အစကတည်းက မသုံးတဲ့ အတွက် သိပ်တော့ မထူးဆန်းတော့ပါဘူး။
Leave a Reply