
အိမ်၌မွေးထားသော ကြောင်ကလေးမှာဖျားနေသောကြောင့် ဆေးရုံသို့ ပို့ပေးနိုင်ရန် ငွေကြေးလိုနေခဲ့သောကြောင့် ၁၃နှစ်ကြာစီးခဲ့သော ကားလေးကို ရောင်းချခဲ့သည့်အမျိုးသား
စာဖတ်သူဟာ တိရိစ္ဆာန်ချစ်သူတစ်ယောက်ဆိုလျှင် အိမ်မွေးတိရိစ္ဆာန်များသည် မောင်နှမများကဲ့သို့ပင် မိသားစုဝင်များဖြစ်ပေလိမ့်မည်။ထို့နောက်တွင် တိရိစ္ဆာန်လေးတို့ နေမကောင်းဖြစ်လျှင်လည်း ဒီအတိုင်းပစ်ထားလိမ့်မည်မဟုတ်ပေ။
ယခုတွင်လည်း ဂျပန်နိုင်ငံမှ အမျိုးသားတစ်ဦးသည် သူမွေးထားသောကြောင်ကလေးမှ နေမကောင်းဖြစ်ကာ အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်နေခဲ့ပါတယ်။ခွဲစိတ်ရန်အတွက်လည်း ငွေကြေးများစွာကုန်ကျမည်ဖြစ်သောကြောင့် ငွေကြေးလိုအပ်နေခဲ့ပါတယ်။ထို့ကြောင့် အမျိုးသားဟာ သူ၁၃နှစ်ကြာ စီးလာခဲ့သော ၁၉၈၉ခုနှစ်ထုတ် တိုယိုတာကားကလေးကို လေလံတင်ရောင်းချခဲ့ပါတယ်။
ထိုသို့ရောင်းချရာမှ ကားကလေးဟာ ၁.၃သန်းယန်းငွေရရှိခဲ့ပြီး ကြောင်ကလေးကိုလည်း အောင်မြင်အောင် ကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
Leave a Reply