
အိမ်ရှေ့က ခွေးအစာပါဆယ်သေတ္တာကို တိတ်တဆိတ်ခိုးယူသွားခဲ့တဲ့ ဝက်ဝံ(ရုပ်သံ)
အမေရိကန်နိုင်ငံ Pennsylvania ပြည်နယ် Lackawanna ကောင်တီရှိ Newman မိသားစုတစ်စု ဟာ Online အိမ်မွေးတိရိစ္ဆာန်ပစ္စည်းဆိုင်မှ သူတို့မှာယူထားတဲ့ခွေးစာများပို့ဆောင်ပေးရန် မျှော်လင့်နေခဲ့ကြပါတယ်။ပထမတော့ သူတို့ဟာ အဆိုပါဆိုင်က ခွေးအစာသေတ္တာဘယ်တော့မှမပို့ပေးခဲ့ဘူးလို့ ထင်နေခဲ့ကြပါတယ်။
သို့ပေမဲ့မကြာသေးခင်က သူတို့ဟာ CCTVကင်မရာကနေ ဝက်ဝံတစ်ကောင်က သူတို့ရဲ့အိမ်ရှေ့ဆင်ဝင်ရှိခွေးအစာသေတ္တာများကို တိတ်တခိုး ခိုးယူနေခဲ့ကြောင်းကို တွေ့ရှိခဲ့ကြပါတယ်။ဗီဒီယိုမှာ ဝက်ဝံတစ်ကာင်ဟာ သေတ္တာထဲမှာမှ အထုပ်တစ်ခုကို ဖွင့်လိုက်ပြီး ၎င်းသေတ္တာက yummy ခွေးစာနှင့်ပြည့်နေတာကို သဘောပေါက်သွားခဲ့ပုံရပါတယ်။ဒါကြောင့် အမွေးထူထူနဲ့သူခိုးကြီးက ၎င်းသေတ္တာတစ်လုံးကို ခိုးယူရန် ဆုံးဖြတ်ခဲ့ကာ ၎င်းသေတ္တာကို ဆင်ဝင်ကနေ ဂရုတစိုက်နဲ့ ဒရွတ်တိုက်ဆွဲဆင်းပြီးနောက် ချုံတောထဲသို့ ယူဆောင်သွားခဲ့ပါတယ်။
၎င်းဗီဒီယိုက ပျော်စရာကောင်းတဲ့ဗီဒီယိုတစ်ခုဖြစ်ပေမဲ့လည်း Newman မိသားစုမှာ ကျွေးမွေးဖို့ ဆာလောင်နေတဲ့ခွေးတစ်ကောင်ရှိနေပါသေးတယ်။ကံကောင်းချင်တော့ Newman မိသားစုက သူတို့ဆီ ပို့ပေးလိုက်တဲ့ ခွေးအစာကို ဝက်ဝံတစ်ကောင်က ခိုးယူသွားခဲ့တယ်လို့ အိမ်မွေးတိရိစ္ဆာန်စတိုးဆိုင်ကို ပြောပြတဲ့အခါ ဆိုင်ကလည်း ယုံကြည်ပေးခဲ့ပါတယ်။
၎င်းဆိုင်ရဲ့ကုမ္ပဏီအနေနဲ့ သူတို့ရဲ့အိမ်မွေးတိရိစ္ဆာန်များ ဆာလောင်မွတ်သိပ်ခြင်းမရှိစေရန်အတွက် ခွေးစာအသစ်တစ်ခုပို့ပေးဖို့ ကမ်းလှမ်းခဲ့ပါတော့တယ်။သို့ပေမဲ့ သူတို့ရဲ့ဆင်ဝင်ပေါ်က ပို့ပေးလိုက်တဲ့ခွေးစာသေတ္တာအသစ်ကို အဆိုပါဝက်ဝံမသိခင် Newman မိသားစုက အရင်ဆုံး လက်ဦးရရှိနိုင်မယ်လို့ မျှော်လင့်နေမိပါတယ်လေ။
Leave a Reply