
အိမ်မှာ မီးမရှိတာကြောင့် မီးအလင်းရောင်ရတဲ့ လမ်းဘေးတစ်နေရာမှာ စာတွေလေ့လာနေခဲ့တဲ့ ကလေးငယ်
အခုဖော်ပြပေးမှာက လမ်းဘေးမှာ ထိုင်ပြီးစာတွေ လေ့လာနေတဲ့ ကလေးငယ်ရဲ့ ဓာတ်ပုံကို Facebook မှာ မျှဝေခဲ့တဲ့ netizen Joyce Torrefranca က ဖော်ပြခဲ့တာ ။ နောက်ထပ် netizen, Giomen Probert Ladra Alayon,က သူဟာ ဓာတ်ပုံရိုက်ယူပြီးနောက် ကလေးငယ်ကိုစကားပြောခဲ့တယ်လို့ netizen Joyce ရဲ့ဓာတ်ပုံအပေါ် မှတ်ချက်ပေးခဲ့ပါတယ်။
ကလေးငယ်ကအင်္ဂလိပ်စာနဲ့ အိမ်စာတွေလုပ်နေခဲ့တာပါ။ ထိုကလေးငယ်ဟာ သူမရဲ့အိမ်မှာ အလင်းရောင်မရှိတာကြောင့် မီးအလင်ရောင်ရှိတဲ့ ထိုလမ်းဘေးမှာ စာလေ့လာဖို့ ရွေးချယ်ခဲ့တာပါ။ ကလေးငယ်ရဲ့လုပ်ဆောင်မှုကြောင့် ကျွန်တော်တို့တွေကလည်း ထိုကလေးငယ်လို ဇွဲရှိဖို့ လှုံ့ဆော်မှုဖြစ်စေခဲ့ပါတယ်။ ဒီကလေးမလေးဟာ တစ်နေ့နေ့ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Zawgyi
Leave a Reply