အိမ်မှာမွေးထားတဲ့သူ့ရဲ့ကြက်လေးတွေကို မရောင်းပစ်ဖို့ အသနားခံနေခဲ့တဲ့ အသက် ၆နှစ်အရွယ် ကလေး(ရုပ်သံ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ Sikkim ပြည်နယ် မှ အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ဟာ သူ့မိသားစုနှင့်အတူကြီးပြင်းခဲ့တဲ့ကြက်များက ကြက်မွေးမြူရေးထုတ်ကုန်အဖြစ်သာရည်ရွယ်သည်ကို နားလည်သဘောပေါက်သွားပြီးနောက် သူ ဟာ အတော်လေး သဘောမတူနိုင်သလို ဖြစ်သွားခဲ့ရပါတယ်။

အဆိုပါကလေးဟာ ဇွန်လ ၂၇ ရက်၊ တနင်္ဂနွေနေ့မှာ ကြက်များ အိမ်မှအစုလိုက်အပြုံလိုက်ထွက်သွားသည်ကို တွေ့လိုက်ရတဲ့အခါ သူ့ရဲ့မိသားစုများအား ရပ်တန့်ပေးရန် တောင်းပန်နေခဲ့ပါတယ်။ဖုန်းဖြင့်ရိုက်ကူးထားတဲ့ ၎င်းဗီဒီယိုကို The Voice of Sikkim ရဲ့Facebook စာမျက်နှာက ပြန်လည်မျှဝေပေးထားပါတယ်။

ငါးမိနစ်ကျော်ကြာတဲ့၎င်းဗီဒီယိုထဲမှာ အဆိုပါကလေးဟာ ကြက်များအား “နှုတ်ဆက်ပါတယ်”လို့ပြောပြီးနောက် “ ကြက်တွေကို အစာအဖြစ် လုပ်ဖို့ ခေါ်သွားကြပြီ ကျွန်တော့် ကြက်တွေကို ပြန်လိုချင်တယ် ” လို့ အသနားခံနေခဲ့ပါတယ်။သူ့အား ကြက်တွေအတွက် စိတ်မကောင်းဖြစ်နေတာလားဟု မေးတဲ့အခါ အဆိုပါ ကလေးက ခေါင်းညိတ်ခဲ့ပြီး “ ကျွန်တော် ကြက်တွေကို အရမ်းလွမ်းမိနေမယ်လို့ ကျွန်တော်ထင်တယ်” လို့ ပြန်ပြောခဲ့ပါတယ်။ဗီဒီယိုရိုက်ကူးနေသူ နှင့် ကလေးငယ်တို့ဟာ နီပေါဘာသာစကားဖြင့် ပြောဆိုနေကြတာပါ။

အဆိုပါကလေးက သူ့ကြက်တွေ ကုန်တင်ကားအတွင်းမှာ ကျဉ်းကျုတ်စွာ နေနေရတာကိုမြင်တော့ ကုန်တင်ကားအနီးသို့သွားကာ ကြက်များကို “ မင်းဘာဖြစ်တာလဲ ” လို့ မေးမြန်းနေခဲ့ပါတယ်။ဗီဒီယိုရိုက်ကူးသူက ကလေးအား သူ့ရဲ့ကြက်များအားလုံးဟာ ကုန်တင်ကားအတွင်းမှာ ညှပ်နေတယ်လို့ ပြောပြတဲ့အခါ အပြစ်မဲ့ကလေးဟာ ဝမ်းနည်းမှုနှင့်ပြည့်နှက်သွားခဲ့ပြီး ကြက်များရဲ့လျှာများကို မဖြတ်ပစ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

အဆိုပါကလေးအား အဖေဖြစ်သူ က စိတ်ပေးအေးထားရန်နှင့် နောက်ပိုပြီး ကြက်တွေကို များများမွေးအုံးမှာလို့ ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။Social media သုံးစွဲသူများက ကလေးရဲ့သနားကြင်နာတတ်မှုကြောင့် အဆိုပါကလေးကို အမျိုးမျိုးချီးမွမ်းခဲ့ကြပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*