အိမ်မွေးဧရာမလိပ်ကြီးနဲ့အတူ စိတ်ရှည်စွာ အေးဆေးလမ်းလျှောက်ထွက်နေခဲ့တဲ့ ဦးလေးတစ်ဦး

အိမ်မွေးတိရိစ္ဆာန်တွေက ကျွန်တော်တို့အိမ်အတွက် ပျော်ရွှင်စေရုံသာမက မိသားစုဝင်တစ်ယောက်လိုလည်း ဖြစ်နေပါတယ်။အိမ်မွေးတိရိစ္ဆာန်တစ်ကောင်အား မွေးမြူထားခြင်းက ပေါ့ပေါ့တန်တန်မဟုတ်တဲ့ ကြီးမားတဲ့တာဝန်တစ်ခုပါ။

လူတော်တော်များများက ကြောင်နှင့်ခွေးကို ပိုမွေးတတ်ကြပြီး သူတို့ ချစ်တဲ့အိမ်မွေးတိရိစ္ဆာန်လေးများနှင့်အတူ လမ်းပေါ်ထွက် အတူတူလမ်းလျှောက်ရတာကိုလည်း နှစ်သက်ကြပါတယ်။

သို့ပေမဲ့ ဦးလေးတစ်ယောက်ကတော့ သူ့ရဲ့တစ်နေ့တာ အကြီးမားဆုံးစိန်ခေါ်မှုအတွက် သူ့အိမ်မွေးဧရာမလိပ်ကြီးနှင့်အတူ လမ်းလျှောက်ထွက်နေပုံကို Twitter အသုံးပြုသူ @AbangCJ က မြင်လိုက်တော့ ဦးလေးကြီးနှင့်အတူ ကြောက်လန့်ဖွယ်ကောင်းတဲ့ ဧရာမလိပ် တို့ရဲ့ အေးဆေးလမ်းလျှောက်နေတဲ့ဓာတ်ပုံနှစ်ပုံကို social မှာ ဝေမျှပေးခဲ့တာပါ။

ပုံမှာ အဆိုပါဦးလေးကြီးက စိတ်ရှည် သည်းခံစွာနဲ့ ဧရာမလိပ်နှင့်အတူ လမ်းလျှောက်နေခဲ့ပြီး လိပ်ကြီး အဝေးမသွားစေဖို့ ကြိုးလေးနဲ့ပါ ချည်ထားပေးလိုက်ပါသေးတယ်။တစ်နေ့တာ လမ်းပေါ်မှာ လိပ်တစ်ကောင်ရွေ့လျားတာကို စောင့်နေရတဲ့အလုပ်က မလွယ်ကူပါဘူး။ထူးခြားဆန်းပြားတဲ့တိရိစ္ဆာန်ပိုင်ဆိုင်ထားခြင်းက တရားဥပဒေနဲ့ညီညွတ်လား ၊ မညီညတ်လားဆိုတာကို ကျွန်တော်တို့လည်း သေချာမသိပေမဲ့

ဦးလေးကြီးကတော့ လိပ်ကြီးကို အတော်လေးချစ်ပုံရပါတယ်။ဦးလေးကြီးကို ကြည့်ရင် အိမ်မွေးတိရိစ္ဆာန်တစ်ကောင်အား ပြုစုစောင့်ရှောက်ခြင်းက အလွန်စိတ်ရှည်ဖို့လိုကြောင်းကို သက်သေပြနေသလိုပါဘဲ။ဦးလေးကြီးလို စိတ်မရှည်နိုင်ဘဲ အိမ်မွေးတိရိစ္ဆာန်လေးတွေကို ရုတ်တရက်စိတ်ကူးထပေါက်မှ မွေးစားခြင်းက အရမ်းခက်ခဲပင်ပန်းစေတာမို့ ဆုံးဖြတ်ချက်မချခင် သေချာစွာ စဉ်းစားပြီးမှ မွေးသင့်ပါတယ်ဗျာ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*