အိမ်မပြန်နိုင်တဲ့ စိတ်မနှံ့ဦးလေးတစ်ယောက်ကို မိသားစုတွေနဲ့ပြန်စုံနိုင်အောင် ကူညီပေးခဲ့တဲ့မေတ္တာရှင်တစ်ဦး

အိမ်မပြန်နိုင်တဲ့ စိတ်မနှံ့ဦးလေးတစ်ယောက်ကို မိသားစုတွေနဲ့ပြန်စုံနိုင်အောင် ကူညီပေးခဲ့တဲ့မေတ္တာရှင်တစ်ဦး

Kuan Chee Heng လို့အမည်ရှိပေမဲ့ လူအများကတော့ Uncle Kentang ဆိုပြီး သိကြတဲ့အမျိုးသားတစ်‌ယောက်ဟာ သူ့ရဲ့ Facebook page မှာ အိမ်မပြန်တက်လို့ Puchong မြို့ရဲ့ လမ်း‌ဘေးမှာနေ နေရတဲ့ စိတ်မနှံ့တဲ့ဦးလေးတစ်‌ယောက်ကိုကူညီနိုင်ဖို့ ပုံတင်ခဲ့ပါတယ်။ သို့ပေမဲ့လည်း အခြားသူတွေက အဲ့ဒီဦးလေးကို အဲ့မှာ ဘဲထားခဲ့လိုက်ပါဆိုပြီး Uncle Kentang ကို ပြောကြပါတယ်။

”သူက အစာစားရဖို့အတွက် Puchong မြို့၊ Tesco လမ်း‌ဘေးတွေမှာရှိတဲ့ အမှိုက်ပုံးထဲက လူများ စွန့်ပစ်ထားတဲ့အစာတွေကို ရှာစားနေရပါတယ်။ တစ်စုံတစ်ယောက်က ကျွန်တော့ရဲ့ တင်ထားတာကိုတွေ့ပြီး ‘အဲ့ဒီဦးလေးရဲ့ နာမည်က An Tat တဲ့ ပြီးတော့ သူ့မှာ အစ်ကိုလည်းရှိသေးတယ်။ သူ့အစ်ကိုနာမည်ကျတော့ Ah Seng ပါ။အစက အဲ့ဒီ ဦး‌လေးဟာ Mantin ရက်ကွက်က ရဲစခန်းရဲ့ ဆန့်ကျင်ဘက်မှာ နေထိုင်နေတယ်။

သူငယ်စဉ်ကတည်းက အဲ့ဒီ စိတ်မနှံ့တဲ့ရောဂါကို ခံစားနေရတယ်’ ဆိုပြီး ကျွန်တော့်ကို ပြောပြခဲ့တာပါ” လို့ Uncle Kentang က ရေးခဲ့ပါတယ်။ Uncle Kentang ဟာ စိတ်မနှံ့တဲ့ ဦးလေးစကားပြန်ပြောလာဖို့ ကြက်ဆီထမင်း၊ လိမ္မော်သီး၊ ရေ၊ ကော်ဖီ၊ ဆီးကရက်၊ ဘီယာ တွေနဲ့ အကွက်ဆင်ပြီးကြိုးစားခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။

“သူစကားပြန်ပြောလာပေမဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေပါဘဲ။ ‌မေးလိုက်ရင် သူက စကားတစ်ခွန်းဘဲ ပြန်ဖြေတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဇွဲမလျော့ခဲ့ပါဘူး။ ကျွန်တော်တို့သူ့ကို တစ်ယောက် တည်း ဒီတိုင်းထားခဲ့မယ်ဆိုရင်လည်း ထားလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာ အဲ့လိုအကြင်နာမဲ့တဲ့နှလုံးသားမရှိပါဘူး။ သူပြန်ဖြေဖို့ ကျွန်တော်သူ့ကို စကားထပ်ပြောခဲ့တယ်။

ဒါပေမဲ့ သူမကြာမကြာ တိတ်ဆိတ်ပြီး ငေးဘဲငေးကြည့်နေတယ် တခါတလေဆိုရင်လည်း မေးလိုက်ရင် မဟုတ်ဘူးဆိုတဲ့ ပုံစံနဲ့ သူ့ခေါင်းလေးကို ခါပြတယ်” လို့ Uncle Kentang က ဆိုထားပါတယ်။လူတွေကတော့ အဲ့ဒီဦးလေးကို လမ်းပေါ်မှာဘဲ ထားခဲ့ဖို့ Uncle Kentang ကို ပြောနေကြပါတယ်။ ဒါပေမဲ့ Uncle Kentang က မသိသလို မကြားသလိုလိုနဲ့ဘဲ နေနေပါတယ်။

“ကျွန်တော်တို့ အဲ့ဒီဦးလေးကို ကူညီရမယ်၊ ကျွန်တော်တို့ သူ့ကို အဲ့ဒီသစ်ပင်အောက်မှာဘဲချန်ထားခဲ့မယ်ဆိုရင် မိုးရွာတဲ့ချိန် နေပူချိန်တွေဆိုလည်း အဲ့ဒီနေရာမှာအိပ်နေရတာက သူ့အတွက် သနားစရာကောင်းပါတယ်။”ဆိုပြီး Uncle Kentang က ထပ်ပြောခဲ့ပါတယ်။ အဲ့ဒီလို ပြောပြီးတဲ့နောက် သူဇွဲမလျော့ဘဲ အားကျိုးမာန်တက်နဲ့ အဲ့ဒီဦးလေးကို ဆက်ကူညီခဲ့ပါတယ်။ “ကျွန်တော် သူ့ရဲ့အစ်ကိုတွေ ဆွေမျိုးတွေကို စုံစမ်းပြီးတဲ့နောက် သူ့ရဲ့အစ်ကိုကို ဖုန်းခေါ်ပြီး သူ့အစ်ကိုအသံနဲ့ သူ့ကိုနားထောင်ခိုင်းလိုက်တယ်။ ကျွန်တော် သူ့ကိုအိမ်ပြန်ပို့ချင်တယ်ဆိုတာကို သူသိနေခဲ့ပါတယ်။

“တရုတ်နှစ်သစ်ကူးရောက်တော့မယ် အိမ်ပြန်ကြစို့” ဆိုပြီး ကျွန်တော် သူ့ကိုပြောလိုက်တဲ့အခါမှာ ရုတ်တရက် ကျွန်တော့်ကို ပြုံးပြပြီး ခေါင်းညိတ်ပြခဲ့ပါတယ်။ သူလည်း အိမ်ပြန်ချင်နေပါတယ်။” လို့ Uncle Kentang က ပြောခဲ့ပါတယ်။ နောက်ဆုံးတော့ အဲ့ဒီဦးလေး အိမ်ကို ပြန်ရောက်နိုင်ခဲ့ပြီး မိသားစုတွေနဲ့ပြန်ဆုံနိုင်ခဲ့ပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*