
အိမ်နောက်ဖေးတွင် ရွှေငွေများတွေ့နိုင်မလားဆိုသည့် မျှော်လင့်ချက်ဖြင့် တူးဖော်ကြည့်ရာ အိမ်သာကျင်းဟောင်းကို တူးဖော်မိလို့ ကံဆိုးခဲ့ရသည့်အမျိုးသား
ကံကောင်းသော လူသားအချို့တို့သည် ရှေးယခင်က မြှုပ်နှံခဲ့ကြသော ရွှေငွေများကို အိမ်၏တစ်နေရာရာတွင် တွေ့ရှိကြပါတယ်။ယခုတွင်လည်း အင်္ဂလန်နိုင်ငံမှ Tony Huismanဆိုသည့် အမျိုးသား၏ အဖြစ်ဟာ လိုင်းပေါ်တွင် နေ့ချင်းညချင်း နာမည်ကြီးလာခဲ့ပါတယ်။
အမျိုးသားဟာ အိမ်နောက်ဖေး၏ မြေကွက်လပ်လေးတွင် ရွေငွေများရှိနေမလာဆိုပြီး တူးဖော်ကြည့်ခဲ့ပါတယ်။ထို့နောက် သေတ္တာနှင့်တူသောအရာတွေရှိပြီဟုဆိုကာ ဖုန်းလေးနဲ့ရိုက်ကူးထားခဲ့ပါတယ်။အမှန်တကယ်မှန် သေတ္တာမဟုတ်ဘဲ ကွန်ကရစ်အဖုံးတစ်ခုဖြစ်နေတာပါ။အမျိုးသားဟာလည်း စိတ်လှုပ်ရှားစွာဖြင့် ဖွင့်ကြည့်လိုက်သည့်အခါမှတော့ အတော်လေး ဝမ်းနည်းသွားခဲ့ရပါတယ်။
အမျိုးသား၏ ပြောပြပုံအရ ဖွင့်လိုက်သည်နှင့် အနံဟာအလွန်ပြင်းနေခဲ့ပြီ အိမ်သာကျင်းအဟောင်းတစ်ခုသာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
Zawgyi
Leave a Reply