
အိမ်နီးချင်းအကြောင်းကို ခိုးနားထောင်ရင်း သံပန်းတံခါးကြား ခေါင်: ၀င္သွားလို့ ၅နာရီကြာမှပြန်ထုတ်နိုင်ခဲ့တဲ့ အမျိုးသမီး
တစ်ခါတစ်လေ လူတွေဟာ ကိုယ့်ဘာသာကိုယ်နေပြီး ကိုယ့်ကိစ္စဘဲ ကိုယ်ပူနေသင့်ပါတယ်။အမျိုးသမီးတစ်ဦးဟာ သူမရဲ့အိမ်နီးချင်းအကြောင်းကို သိချင် စပ်စုချင်လွန်းလို့ သူမ အပေးအယူလုပ်ထားတာထပ် ပိုရခဲ့ရပါတယ်။သူများအကြောင်းကို စပ်စုချင်လွန်းတဲ့အဆိုပါအမျိုးသမီးဟာ အိမ်နီးချင်းရဲ့သံပန်းတံခါးမှာ ခေါင်းခံနေခဲ့ပြီး ထုတ်မရဘဲ ၅နာရီကြာသွားခဲ့ရပါတယ်။
၎င်းအဖြစ်အပျက်က Colombia နိုင်ငံ La Virginia မြို့မှာ ဖြစ်ပွါးခဲ့တာပါ။သူမက အိမ်နီးချင်းအကြောင်းကို ခိုးနားထောင်ကာ spy လုပ်ပြီး သူငယ်ချင်းတွေဆီ စကားပြောစရာရှိအောင် ကြိုးစားနေခဲ့ပုံပါဘဲ။ကံမကောင်းစွာနဲ့ အဆိုပါစပ်စုလွန်းတဲ့အမျိုးသမီးဟာ အိမ်နီးချင်းရဲ့အရက်ဆိုင် ဂိတ်တံခါးကြားကို သူမခေါင်းအား စွတ်ထည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ထို့နောက် သူမဟာ ခေါင်းပြန်ထုတ်မရတော့တာကြောင့် အိမ်နီးချင်းအား ကယ်ဆယ်ရေးသမားခေါ်ပေးဖို့ အကူအညီပြန်တောင်းခဲ့ရပါတယ်။ကယ်ဆယ်ရေးအမျိုးသားတွေက သူမအား အရှက်ရစေတဲ့အဖြစ်ကနေ လွတ်မြောက်ဖို့ အတတ်နိုင်ဆုံးကြိုးစားနေခဲ့ပေမဲ့ နောက်ဆုံး အရက်ဆိုင်ရဲ့ဂိတ်တံခါးမှ ဆွဲထုတ်ဖို့ အချိန်၅နာရီကြာသွားခဲ့ရပါတယ်။
ထုံးစံအတိုင်း စပ်စုလွန်းတဲ့သူမရဲ့အဖြစ်ဟာ social media ပေါ် အထူးတလည် ပြောပြစရာမလိုအောင် ချက်ချင်းပျံ့နှံ့သွားခဲ့ပြီးနောက် လူအချို့က အိမ်နီးချင်းအကြောင်းကို ခိုးနားထောင်ဖို့ သူမမှာ နည်းလမ်းကောင်းရှိနေတယ်လို့ဆိုကြသလို အချို့ကလည်း အတင်းအဖျင်းပြောရတာကို ကြိုက်တဲ့လူတွေအတွက် သင်ခန်းစာဖြစ်သင့်တယ်လို့ ဆိုခဲ့ကြပါတယ်။အမျိုးသမီးရဲ့အဖြစ်ကလည်း ရပ်ကွက်ထဲက ဘာကိစ္စဘဲဖြစ်ဖြစ် စပ်စုရမှာ ကျေနပ်တတ်တဲ့အဒေါ်ကြီးအုပ်စုနဲ့ တူနေပါပြီလေ။အခုလိုဖြစ်ရပ်ကြောင့် အဆိုပါအမျိုးသမီးလည်း နောက်ပိုင်း စပ်စုပြီး အတင်းအဖျင်းပြောရတာကို ရှောင်ရှားနိုင်လိမ့်မယ်လို့ မျှော်လင့်မိတယ်ဗျာ။
Leave a Reply