
အိမ်နီးချင်းရဲ့အိမ်မှာ ၁၁နှစ်အကြာ သူမရဲ့ကောင်လေးချစ်သူနဲ့ လျှို့ဝှက်စွာနေထိုင်ခဲ့တဲ့ အမျိုးသမီး(ရုပ်သံ)
Sajitha လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ တစ်နေ့မှာ ဘာကြောင်းရင်းမှမပြောဆိုဘဲ သူမရဲ့နေအိမ်ကနေ ထွက်သွားခဲ့ပါတယ်။ သူမသေဆုံးသွားပြီး သို့မဟုတ် မိုင်ပေါင်းထောင် နဲ့ ချီဝေးတဲ့နေရာတွေမှာ နေထိုင်နေတယ် ဆိုပြီး သူမိသားစုတွေက ထင်မှတ်ထားကြပါတယ်။
သူမပျောက်ဆုံးချိန်မှာ အသက် ၁၈ နှစ်သာရှိသေးတဲ့ ထိုအမျိုးသမီးဟာ မိသားစုမှ နေအိမ်ကိုထွက်ခွာသွားပြီး သူမရဲ့လျှို့ဝှက်ချစ်မြတ်နိုးသူကို မိဘများကလက်ခံလိမ့်မယ် မဟုတ်ဘူး လို့ ယုံကြည်ခဲ့တဲ့အတွက် ဒေသခံကအမျိုးသားတစ်ဦးနဲ့ အတူတူထွက်ခွာပြီး နေနေကြပါတယ်။ သူတို့မိသားစုနှစ်စုစလုံးက ဆယ်စုနှစ်တစ်ခုကျော် သူတို့သား သမီးတို့လျှို့ဝှက်ထားမှုကို မသိနိုင်တာက အံ့သြစရာပါဘဲ။ သူမရဲ့မိသားစုအိမ်မှ ထွက်ခွာတဲ့အခါ မိန်းမငယ်ဟာ မည်သည့်သဲလွန်စကိုမျှ မထားခဲ့သလို ဖုန်းလညမကိုင်ခဲ့ပါဘူး။
သူမရဲ့မိဘတွေကကလည်း သူတို့ရဲ့ အိမ်အနီးအနားကတစ်စုံတစ်ဦး နဲ့ ချစ်မြတ်နိုးနေကြတာကိုလည်း သံသယမဖြစ်ခဲ့ကြပါဘူး။ Sajitha ဟာ သူမရဲ့နေအိမ်နဲ့ မီတာ ၅၀၀ အကွာမှာသာ Alinchuvattil Rahman ဆိုတဲ့ သူ့ရဲ့ကောင်လေးနဲ့ လျို့ဝှတ်စွာ နေထိုင်ခဲ့တာပါ။ နောက်တော့မှ Alinchuvattil Rahman အမည်ရှိ အသက် ၃၄ နှစ်အရွယ်ဒေသခံအမျိုးသား နဲ့ လွန်ခဲ့တဲ့ သုံးလက သူ့ရဲ့မိသားစုအိမ်မှ ရုတ်တရက်ပျောက်ကွယ်သွားခဲ့ပြီး သူ့မိသားစုကရဲကိုအကြောင်းကြားခဲ့ပါတယ်။ သူ့ရဲ့အစ်ကို Basheer က တစ်နေ့မှာ သူ့ကိုလမ်းဘေးမှာ သတိပြုမိခဲ့ပြီး Sajitha နဲ့ ငှားရမ်းခဲ့တဲ့ အိမ်နီးချင်းရွာက အိမ်တစ်အိမ်ကို သူ့အကိုလိုက်သွားခဲ့ပါတယ်။
အဲ့ဒီလိုနဲ့ Sajitha ရဲ့မိသားစုကလည်း သူမကိုပြန်လည်တွေ့ရှိခဲ့ပါတယ်။ ရဲများက ထိုစုံတွဲကို ဒေသခံတရားရုံးသို့ ခေါ်ဆောင်သွားခဲ့ပြီး ၎င်းတို့နှစ်ဦးရဲ့ ဇာတ်လမ်းကိုကြားပြီးနောက် တရားဝင် အတူတကွ နေထိုင်ရန်ခွင့်ပြုခဲ့ပါတယ်။ သို့ပေမဲ့ သူတို့ရဲ့မိသားစုဝင်တွေက သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို လက်မခံလိုကြတာကြောင်း သူတို့လျှို့ဝှက်စွာအတူတကွနေထိုင်ရန်ဆုံးဖြတ်ကြတာလိုဆိုခဲ့ပါတယ်။ Sajitha ကိုရှာဖွေတွေ့ရှိခဲ့တဲ့ အချိန်မှာ ကျေးရွာကလူတွေ သူမ နဲ့ ပတ်သတ်တဲ့သတင်း မေ့ပျောက် လုနီးပါးဖြစ်ခဲ့ပါတယ်။
Zawgyi
Leave a Reply