အိမ်နီးချင်းရဲ့မီးဖိုချောင်အပြင်ဘက်ရှိ ချိတ်ဆွဲထားတဲ့ခြင်းတောင်းမှလာတဲ့အပုပ်နံ့ကြောင့် ထိတ်လန့်ပြီး ရဲတိုင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့အဖြစ်

အိမ်နီးချင်းရဲ့မီးဖိုချောင်အပြင်ဘက်ရှိ ချိတ်ဆွဲထားတဲ့ခြင်းတောင်းမှလာတဲ့အပုပ်နံ့ကြောင့် ထိတ်လန့်ပြီး ရဲတိုင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့အဖြစ်

စင်္ကာပူနိုင်ငံသားများဟာ များသောအားဖြင့် HDB ဟုသော တိုက်ခန်းအိမ်ရာများတွေ အချင်းချင်း နီးကပ်စွာ နေထိုင်ကြသောကြောင့် ဘေးက တိုက်ခန်းမှလာတဲ့အနံ့အသက်များကိုလည်း လျင်မြန်စွာ ရှုရှိုက်နိုင်ကြပါတယ်။  ၎င်းတိုက်ခန်းအိမ်ရာမှ နေထိုင်သူတစ်ဦးဟာ အိမ်နီးချင်းရဲ့တိုက်ခန်းမှလာတဲ့အနံ့ကို ရှုရှိုက်မိလိုက်ပြီးနောက်မှာတော့ သူ့ရဲ့အတွေးစိတ်ကူးဟာ သူ့အတွက် ပိုကောင်းလာခဲ့ပါတော့တယ်။သူဟာ အိမ်နီးချင်းရဲ့ပြတင်းပေါက်အပြင်ဘက်မှာ ချိတ်ဆွဲထားတဲ့ခြင်းတောင်းကို မြင်လိုက်ပြီးနောက် ၎င်းခြင်းထောင်းထဲကအရာက ကလေးလို့ ထင်မှတ်ကာ ရဲအား ချက်ချင်းအကြောင်းကြားခဲ့ပါတော့တယ်။ရဲများ ရောက်လာတဲ့အခါ အနံ့ဆိုးဟာ ခြင်းတောင်းထဲမှ ဆားသိပ်ထားတဲ့ငါးများမှထွက်လာခြင်းဖြစ်ကြောင်း သိသွားခဲ့ရပါတယ်။

Shin Min Daily News ရဲ့အဆိုအရ  ရိပ်သာလမ်းမှ နေထိုင်သူတစ်ဦးဟာ ၄ ​​င်းအိမ်နီးချင်းရဲ့တိုက်ခန်းမှလာတဲ့ ပုပ်စပ်နေသည့်အနံ့ဆိုးကို ၄ ရက်ဆက်တိုက် အနံ့ရနေခဲ့ပြီးနောက် အဆိုပါ နေထိုင်သူဟာ အိမ်နီးချင်းရဲ့မီးဖိုချောင်ပြတင်းပေါက်မှ ချိတ်ဆွဲထားတဲ့ အပြာရောင်ခြင်းတောင်းကို တွေ့ခဲ့ရပြီး ခြင်းတောင်းထဲမှ နီညိုရောင်အရည်များကျနေသည်ကိုပါ ထပ်မံ မြင်တွေ့ခဲ့ရတာကြောင့် နေထိုင်သူရဲ့သံသယများ ပိုမိုကြီးထွားလာခဲ့ပါတော့တယ်။ထို့နောက် အဆိုပါနေထိုင်သူဟာ ချက်ချင်းဘဲ ရဲကို ဖုန်းဆက်ခဲ့ပုံရပါတယ်။

Shin Min Daily News သတင်းမှဖော်ပြချက်အရ ရဲများဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ ညနေ ၄ နာရီခန့်တွင် ရဲစခန်းမှ အလျင်အမြန် ထွက်ခွါလာခဲ့ကြပြီး ၎င်းတို့ဟာ အိမ်နီးချင်းရဲ့တိုက်ခန်းသို့သွားကာ ၎င်းခြင်းထောင်းအား တောင်းကြည့်ခဲ့ကြပါတယ်။သို့ပေမဲ့ အဆိုပါလျှို့ဝှက်ဆန်းကြယ်တဲ့ခြင်းတောင်းကြီးမှာ ဆားသိပ်ထားတဲ့ငါးများနှင့်ဂျင်းပါရှိနေကြောင်းကို ၎င်းတို့တွေ့ရှိသွားတဲ့အခါ အဖြစ်အပျက်တစ်ခုလုံးဟာ ရယ်စရာကောင်းလွန်းတဲ့ဟာသတစ်ခုလို ဖြစ်သွားခဲ့ရပါတယ်။ဆားသိပ်ထားတဲ့ငါးတွေကို အခြောက်ခံဖို့ တောင်းထဲထည့်ပြီး အပြင်မှာ ချိတ်ဆွဲထားရမယ်လို့ အဆိုပါအိမ်နီးချင်းက တွေးထားပုံရပြီး ခြင်းတောင်းမှထွက်လာတဲ့လျှို့ဝှက်ဆန်းကြယ်တဲ့အရည်ကလည်း ငါးများမှထွက်လာတဲ့အစိုဓာတ်သာ ဖြစ်နေခဲ့ပါတယ်။

ထို့နောက် အိမ်နီးချင်းက ခြောက်သွားတဲ့ငါးခြင်းတောင်းကို အထဲသိမ်းလိုက်ပြီးနောက် ဘေးတိုက်က နေထိုင်သူ  က ဆိုးရွားတဲ့အနံ့အသက်များ မရတော့ကြောင်း ပြန်ပြောပြခဲ့ပါတယ်။စင်္ကာပူနိုင်ငံဟာ မကြာခဏ ကလေးငယ်များအား အမှိုက်မှာ တွေ့ရလေ့ရှိတာကြောင့် အဆိုပါနေထိုင်သူကလည်း ၎င်းကိစ္စနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်နေခဲ့ပုံရပါတယ်။သို့ပေမဲ့ ၎င်းဖြစ်ရပ်မှာ ကလေးမဟုတ်ဘဲ ဆားသိပ်ထားတဲ့ငါးတွေ ဖြစ်နေခဲ့တာကိုဘဲ ကျေးဇူးတင်ရမှာပါ။ထို့ကဲ့သို့သော ရယ်စရာအဖြစ်လေးတွေဟာ တိုက်ခန်းအိမ်ရာများ၌နေထိုင်သူအဖို့ မိမိပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများနှင့် ပုံမှန်ပွင့်လင်းတဲ့ဆက်သွယ်မှုမျိုးလိုအပ်ကြောင်းကို အလေးအနက်ဖော်ပြပေးနေခဲ့ပါတယ်။

Zawgyi

အိမ္နီးခ်င္းရဲ႕မီးဖိုေခ်ာင္အျပင္ဘက္ရွိ ခ်ိတ္ဆြဲထားတဲ့ျခင္းေတာင္းမွလာတဲ့အပုပ္နံ႔ေၾကာင့္ ထိတ္လန္႔ၿပီး ရဲတိုင္ခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးရဲ႕အျဖစ္

စကၤာပူႏိုင္ငံသားမ်ားဟာ မ်ားေသာအားျဖင့္ HDB ဟုေသာ တိုက္ခန္းအိမ္ရာမ်ားေတြ အခ်င္းခ်င္း နီးကပ္စြာ ေနထိုင္ၾကေသာေၾကာင့္ ေဘးက တိုက္ခန္းမွလာတဲ့အနံ႔အသက္မ်ားကိုလည္း လ်င္ျမန္စြာ ရႈရႈိက္ႏိုင္ၾကပါတယ္။  ၎တိုက္ခန္းအိမ္ရာမွ ေနထိုင္သူတစ္ဦးဟာ အိမ္နီးခ်င္းရဲ႕တိုက္ခန္းမွလာတဲ့အနံ႔ကို ရႈရႈိက္မိလိုက္ၿပီးေနာက္မွာေတာ့ သူ႔ရဲ႕အေတြးစိတ္ကူးဟာ သူ႔အတြက္ ပိုေကာင္းလာခဲ့ပါေတာ့တယ္။သူဟာ အိမ္နီးခ်င္းရဲ႕ျပတင္းေပါက္အျပင္ဘက္မွာ ခ်ိတ္ဆြဲထားတဲ့ျခင္းေတာင္းကို ျမင္လိုက္ၿပီးေနာက္ ၎ျခင္းေထာင္းထဲကအရာက ကေလးလို႔ ထင္မွတ္ကာ ရဲအား ခ်က္ခ်င္းအေၾကာင္းၾကားခဲ့ပါေတာ့တယ္။ရဲမ်ား ေရာက္လာတဲ့အခါ အနံ႔ဆိုးဟာ ျခင္းေတာင္းထဲမွ ဆားသိပ္ထားတဲ့ငါးမ်ားမွထြက္လာျခင္းျဖစ္ေၾကာင္း သိသြားခဲ့ရပါတယ္။

Shin Min Daily News ရဲ႕အဆိုအရ  ရိပ္သာလမ္းမွ ေနထိုင္သူတစ္ဦးဟာ ၄ ​​င္းအိမ္နီးခ်င္းရဲ႕တိုက္ခန္းမွလာတဲ့ ပုပ္စပ္ေနသည့္အနံ႔ဆိုးကို ၄ ရက္ဆက္တိုက္ အနံ႔ရေနခဲ့ၿပီးေနာက္ အဆိုပါ ေနထိုင္သူဟာ အိမ္နီးခ်င္းရဲ႕မီးဖိုေခ်ာင္ျပတင္းေပါက္မွ ခ်ိတ္ဆြဲထားတဲ့ အျပာေရာင္ျခင္းေတာင္းကို ေတြ႕ခဲ့ရၿပီး ျခင္းေတာင္းထဲမွ နီညိဳေရာင္အရည္မ်ားက်ေနသည္ကိုပါ ထပ္မံ ျမင္ေတြ႕ခဲ့ရတာေၾကာင့္ ေနထိုင္သူရဲ႕သံသယမ်ား ပိုမိုႀကီးထြားလာခဲ့ပါေတာ့တယ္။ထို႔ေနာက္ အဆိုပါေနထိုင္သူဟာ ခ်က္ခ်င္းဘဲ ရဲကို ဖုန္းဆက္ခဲ့ပုံရပါတယ္။

Shin Min Daily News သတင္းမွေဖာ္ျပခ်က္အရ ရဲမ်ားဟာ ၿပီးခဲ့တဲ့ဗုဒၶဟူးေန႔ ညေန ၄ နာရီခန႔္တြင္ ရဲစခန္းမွ အလ်င္အျမန္ ထြက္ခြါလာခဲ့ၾကၿပီး ၎တို႔ဟာ အိမ္နီးခ်င္းရဲ႕တိုက္ခန္းသို႔သြားကာ ၎ျခင္းေထာင္းအား ေတာင္းၾကည့္ခဲ့ၾကပါတယ္။သို႔ေပမဲ့ အဆိုပါလွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့ျခင္းေတာင္းႀကီးမွာ ဆားသိပ္ထားတဲ့ငါးမ်ားႏွင့္ဂ်င္းပါရွိေနေၾကာင္းကို ၎တို႔ေတြ႕ရွိသြားတဲ့အခါ အျဖစ္အပ်က္တစ္ခုလုံးဟာ ရယ္စရာေကာင္းလြန္းတဲ့ဟာသတစ္ခုလို ျဖစ္သြားခဲ့ရပါတယ္။ဆားသိပ္ထားတဲ့ငါးေတြကို အေျခာက္ခံဖို႔ ေတာင္းထဲထည့္ၿပီး အျပင္မွာ ခ်ိတ္ဆြဲထားရမယ္လို႔ အဆိုပါအိမ္နီးခ်င္းက ေတြးထားပုံရၿပီး ျခင္းေတာင္းမွထြက္လာတဲ့လွ်ိဳ႕ဝွက္ဆန္းၾကယ္တဲ့အရည္ကလည္း ငါးမ်ားမွထြက္လာတဲ့အစိုဓာတ္သာ ျဖစ္ေနခဲ့ပါတယ္။

ထို႔ေနာက္ အိမ္နီးခ်င္းက ေျခာက္သြားတဲ့ငါးျခင္းေတာင္းကို အထဲသိမ္းလိုက္ၿပီးေနာက္ ေဘးတိုက္က ေနထိုင္သူ  က ဆိုး႐ြားတဲ့အနံ႔အသက္မ်ား မရေတာ့ေၾကာင္း ျပန္ေျပာျပခဲ့ပါတယ္။စကၤာပူႏိုင္ငံဟာ မၾကာခဏ ကေလးငယ္မ်ားအား အမႈိက္မွာ ေတြ႕ရေလ့ရွိတာေၾကာင့္ အဆိုပါေနထိုင္သူကလည္း ၎ကိစၥႏွင့္ပတ္သက္ၿပီး စိုးရိမ္ပူပန္ေနခဲ့ပုံရပါတယ္။သို႔ေပမဲ့ ၎ျဖစ္ရပ္မွာ ကေလးမဟုတ္ဘဲ ဆားသိပ္ထားတဲ့ငါးေတြ ျဖစ္ေနခဲ့တာကိုဘဲ ေက်းဇူးတင္ရမွာပါ။ထို႔ကဲ့သို႔ေသာ ရယ္စရာအျဖစ္ေလးေတြဟာ တိုက္ခန္းအိမ္ရာမ်ား၌ေနထိုင္သူအဖို႔ မိမိပတ္ဝန္းက်င္ရွိ အိမ္နီးခ်င္းမ်ားႏွင့္ ပုံမွန္ပြင့္လင္းတဲ့ဆက္သြယ္မႈမ်ိဳးလိုအပ္ေၾကာင္းကို အေလးအနက္ေဖာ္ျပေပးေနခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*