အိမ်နီးချင်းတွေပျော်အောင် ဗုဒ္ဓဟူးနေ့တိုင်း ဖက်ရှင်အလန်းစားဝတ်ကာ အမှိုက်ပုံးနဲ့အတူ ဓာတ်ဖမ်းလေ့ရှိတဲ့ အမျိုးသမီး

အိမ်နီးချင်းတွေပျော်အောင် ဗုဒ္ဓဟူးနေ့တိုင်း ဖက်ရှင်အလန်းစားဝတ်ကာ အမှိုက်ပုံးနဲ့အတူ ဓာတ်ဖမ်းလေ့ရှိတဲ့ အမျိုးသမီး

အသက် ၄၉ နှစ်အရွယ် Nicola Matthews အမည်ရှိတဲ့အမျိုးသမီးတစ်ဦးဟာ Covid-19 ကာလမှာ သူမရဲ့အိမ်နီးချင်းတွေကို စိတ်ရွှင်လန်းပျော်ရွှင်သွားစေဖို့ သူမဟာ တစ်ပတ်မှာ တစ်ကြိမ် ဂါဝန်တွေကို ဝတ်ဆင်လေ့ရှိတဲ့အပြင် ဆံပင်နှင့်မိတ်ကပ်အပြည့်ပြင်ဆင်ပြီး ဘီးတပ်ထားတဲ့အမှိုက်ပုံးနှင့်အတူ ဓာတ်ပုံတွဲရိုက်လေ့ရှိပါတယ်။သူမက တစ်ကြိမ်တည်းဘဲလုပ်မယ်လို့စဉ်းစားခဲ့ပေမဲ့ အပတ်တိုင်း အစဉ်အလာတစ်ခုလိုဖြစ်လာခဲ့ပါတယ်။

အစပိုင်းတော့ Nicola ရဲ့အဝတ်အစားတွေက အတော်အတန်လေးရိုးရှင်းနေခဲ့ပါတယ်။သို့ပေမဲ့ မကြာခင်မှာ ရော်ဘာလက်အိတ်များ ၊ ရှေးခေတ်ကာလကိုပြန်နိုးကြွစေတဲ့ဝတ်စုံများ နှင့် အိမ်ရှင်မဝတ်စုံကဲ့သို့သော အဝတ်အစားများ နှင့် အဖြူရောင်သရုတ်ဆောင်ဝတ်စုံများလည်း ပါ၀င်လာခဲ့ပါတယ်။

သူငယ်ချင်း ၊ မိသားစုနှင့် အိမ်နီးချင်းတွေက ပျော်စရာကောင်းတဲ့သူမရဲ့အစီအစဉ်မှာ ပါ၀င်လာခဲ့ကြပြီး Nicola က သူမရဲ့ဖက်ရှင်ပုံတွေကို အပတ် ၂၀ လုံးလုံးစုဆောင်းလာခဲ့ပြီး ရရှိလာတဲ့ ရာနှင့်ချီတဲ့ အလှူငွေတွေကို မရှိဆင်းရဲသားများအား ထောက်ပံ့ကူညီပေးခဲ့ပါတယ်။

“ အရမ်းကိုရယ်ရတဲ့အဝတ်အစားတွေဝတ်ပြီး ကျွန်မက ဘီးတပ်ထားတဲ့အမှိုက်ပုံးကိုသွားပြီး တွန်းခဲ့တယ် ၊ ကျွန်မ ၀တ်စုံအပြည့်၀တ်ပြီး အိမ်ပြင်ထွက်လာတဲ့အချိန်တိုင်း လူတွေက ကျွန်မကို အားပေးအားမြှောက်လုပ်ပေးခြင်းက ၀မ်းသာစရာပါပဲ ၊ အပတ်ပေါင်း ၂၀ အတွင်း ကျွန်မလုပ်ခဲ့တဲ့အရာက ကျွန်မပျော်မွေ့ဖို့အတွက် ကျိန်းသေလုံလောက်နေခဲ့တယ်” လို့ Nicola ကဆိုခဲ့ပါသေးတယ်။

#6

#7

#8

#9

#10

#11

#12

Be the first to comment

Leave a Reply

Your email address will not be published.


*