
အိမ်နားဖြတ်သွားတဲ့ ကား၊ဆိုင်ကယ်တွေကြောင့် ညတိုင်း အိပ်ရေးပျက်နေရလို့ လမ်းပေါ်မှာ speed bumps 11ခုကို ပြုလုပ်ခဲ့တဲ့ အမျိုးသား
မလေးရှားနိုင်ငံ Jertih မြို့မှ Kampung Padang Luas ရပ်ကွက်ရှိ အသက် ၄၀ အရွယ် Nor Muhamad Roslam Harun အမည်ရှိအမျိုးသားတစ်ဦးဟာ သူ့နေအိမ်ရဲ့ခေါင်းရင်းနားက လမ်းတစ်လျှောက်မှာ ကားများနှင့်မော်တော်ဆိုင်ကယ်များမှဆူညံသံများက သူ့ရဲ့အိပ်စက်ခြင်းကိုပျက်ပြားစေတဲ့အတွက်ကြောင့် အရှိန်လျော့သွားအောင် လမ်းပေါ်မှာ Speed bumps များစွာကို တပ်ဆင်ခဲ့ပါတယ်။ Nur Muhammad ဟာ တစ်ခုနှစ်ခုတည်းနဲ့ မကျေနပ်ဘဲ Speed bumps ၁၁ ခုကို တပ်ဆင်ပစ်ခဲ့ပါတယ်။Nur Muhammad က ၎င်းကို ထပ်မံတိုးမြှင့်ခြင်းမပြုခင်က လမ်းပေါ်မှာ Speed bumps နှစ်ခုရှိနေပြီးဖြစ်ပါတယ်။
သို့ပေမဲ့ Nur Muhammad ပြန်လည်တပ်ဆင်ထားတဲ့ Speed bumps ရဲ့ တစ်ခုနဲ့တစ်ခုအကွာအဝေးက မီတာ ၄၀ လောက်သာရှိပြီး ကားများမှလွှဲလို့ အခြားယာဉ်များက ၎င်းလမ်းပေါ်ကို ဖြတ်မသွားနိုင်တော့တဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့ပါတယ်။ Nur Muhammad ဟာ ရင်းဂစ် ၁၀၈၀ ကုန်ကျတဲ့ Speed bumps တပ်ဆင်ခြင်းကို သူ့ရဲ့ Employees Provident Fund i-Sinar မှ ငွေများဖြင့် ဖြုန်းပစ်ခဲ့ပါသေးတယ်။Nur Muhammad ရဲ့အိမ်နီးချင်းက သူတပ်ဆင်ထားတဲ့ Speed bumps ပုံများကိုတင်ပြီးနောက် သူ့ရဲ့သတင်းက social media မှာ လူပြောများပြီး လူသိထင်ရှားဖြစ်သွားခဲ့ပါတယ်။
ထို့နောက် ၎င်းသတင်းကြောင့် သက်ဆိုင်ရာ ရဲအရာရှိက Nur Muhammad ကို ဗုဒ္ဓဟူးနေ့မနက်မှာ ရဲစခန်းသို့လာတွေ့စေခဲဘပြီး သူတပ်ဆင်ထားတဲ့ Speed bumps အားလုံးကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပါတယ်။ဒါကြောင့် Nur Muhammad ဟာ လမ်းပေါ်က Speed bumps အားလုံးကိုဖယ်ရှားဖို့ မြေထိုးစက်အော်ပရေတာတစ်ခုကိုငှါးပြီး အားလုံးကို ဖယ်ရှားပစ်ခဲ့ရပြန်ပါတယ်။ထို့နောက် Nur Muhammad ဟာ အခြားနေထိုင်သူများရဲ့ အဆင်မပြေမှုအတွက်လည်း တောင်းပန်ခဲ့ရပါတယ်။
Leave a Reply