
ချစ်ဖို့ကောင်းတဲ့ဆိတ်ကောင်လေးတွေကို တောတော်များများ ဗီဒီယိုတွေမှာ တွေ့ဖူးကြမှာပါ ။ ဒါပေမဲ့ အခုဖော်ပြပေးမဲ့အကောင်လေးကတော့ ဆိတ်မဟုတ်ဘဲ သိုးကောင်လေးတွေပါ ။ အမွေးထူထူနဲ့ ခြေထောက်မဲပြီး မျက်နှာပါကွက်မဲနေတဲ့ဒီသိုးကောင်လေးတွေဟာ Valais Blacknose လို့ခေါ်ပြီး ဆွစ်ဇာလန်နိုင်ငံ Valais ဒေသမှာ ကျက်စားကြပါတယ် ။
ဒီချစ်စရာကောင်းတဲ့တိရိစ္ဆာန်လေးဟာ ကြမ်းတမ်းတဲ့အမွှေးများ နှင့် အနက်ရောင်မျက်နှာတွေကြောင့် နာမည်ကြီးပါတယ် ။ ၎င်းတို့ဟာ ၁၅၆၀ ပြည့်နှစ်ကတည်းက ဆွစ်ဇာလန်တောင်တန်းဒေသများမှာ လှည့်လည်သွားလာကြပြီး ဆိုးရွားတဲ့ရာသီဥတုအခြေအနေနဲ့ လိုက်လျောညီထွေရှိအောင် အမွှေးကြမ်းတွေထူထပ်သွားတာကြောင့် ၎င်းတို့ရဲ့အမွှေးတွေကို အနွေးအင်္ကျီအဖြစ် အသုံးမပြုကြပါဘူး ။ သိုးကောင်တွေရဲ့ ပုံစံက အမွေးပွအရုပ်နဲ့အတော်လေးတူပါတယ် ။
ဒီတော့ မျက်လုံးတွေမမြင်ရဘဲ မျက်နှာနဲ့ခြေထောက်တွေဘဲကွက်မဲနေတဲ့ ချစ်ဖို့ကောင်းတဲ့ သိုးကောင်လေးတွေကို စာဖတ်သူတို့လည်း ကြည့်ရှုနိုင်ဖို့ ဖော်ပြပေးခဲ့လိုက်ပါတယ်နော် ။
#2
#3
#4
#5
#6
#7
#8
#9
#10
#11
Leave a Reply