အိမ်ထောင်နှင့် ကလေးရှိသော်လည်း မိုဘိုင်းဂိမ်း Live Streamer အလုပ်ကို မစွန့်လွှတ်နိုင်သေးပူး ဟုဆိုသော ဂိမ်းဝါသနာရှင်အချောလေး
ယနေ့ခေတ် မိုဘိုင်းဂိမ်းများသည် လူတို့ဧ။် အာရုံကိုဆွဲဆောင်နိုင်လွန်းပြီး ကလေး လူကြီးအားလုံး ထိုဂိမ်းအပေါ်တွင် အစွဲလန်းကြီးစွာ ဖြစ်နေကြရသည်။
သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ Thao Nari အမည်ရှိအသက် ၂၉နှစ်အရွယ် မိန်းမလှလေးသည် မိုဘိုင်းဂိမ်း Streamer တစ်ဦးဖြစ်ပြီး ချစ်စရာကောင်းသော အကြည့် အပြုံးလေးနှင့် ချိုမြိန်သော စကားသံလေးတွေအပြင် ရုပ်ရည်မှာလည်း ပြောစရာမလိုအောင် မိမိုက်နေ၍ ဂိမ်းသမားများကြားတွင် နာမည်ကြီး ရေပန်းစားလျက်ရှိသည်။
မိန်းကလေးသည် ဂိမ်း Streamerတွင် Ha Mi ဆိုသော အကောင့်နာမည်နှင့် အသုံးပြုပြီး လက်ရှိတွင် အိမိထောင်ကျပြီး၍ ကလေးတစ်ယောက်ပင် မွေးဖွားထားပြီးသော်လည်း ဂိမ်း Liveလွှင့်ခြင်းကိုတော့ နေ့စဉ်ပုံမှန်ထုတ်လွှင့်နေဆဲဖြစ်သည်။
ထိုအလုပ်သည် သူမဧ။် ဝါသနာ နှစ်သက်သောအရာဖြစ်နေ၍ မိသားစုနှင့် ခင်ပွန်းဖြစ်သူမှလည်း အပြည့်အဝအားပေး ထောက်ခံလျက်ရှိရာ မည်သို့သော အကြောင်းမျိုးကြောင့်ဖြစ်ဖြစ် ထိုအလုပ်အား စွန့်လွှတ်သွားမည်မဟုတ်ကြောင်း ဆိုခဲ့သည်။
Ha Miသည် သူမဧ။် ဂိမ်း streamer ကို ကြည့်ရှု့ အားပေးသူပေါင်း ၁.၁သန်းကျော်ရှိနေပြီး ကလေးတစ်ယောက်အမေ ဖြစ်နေတာတောင် လှပနုပျိုနေဆဲဖြစ်၍ အမြဲချီးကျူးခြင်း ခံရပြီး အသံချိုချိုလေးကြောင့် ပရိသတ်တို့ဧ။် အချစ်များစွာကို ခံနေရဆဲဖြစ်သည်။
Zawgyi
Leave a Reply