အိမ်တစ်အိမ်ရှိ ဆပ်ပြာနှင့်ရေစိမ်ထားသော အဝတ်ပေများအား ဝင်လျှော်ပေးခဲ့သော ချစ်စဖွယ်မျောက်လေး

အိမ်တစ်အိမ်ရှိ ဆပ်ပြာနှင့်ရေစိမ်ထားသော အဝတ်ပေများအား ဝင်လျှော်ပေးခဲ့သော ချစ်စဖွယ်မျောက်လေး

မျောက်လေးများသည် လူတို့ပုံစံအတိုင်းလိုက်လုပ်တတ်ကြပြီး ကူညီဖော်ရသည့်အပြင် ချစ်စဖွယ်အမူအရာလေးများရှိ၍ အချို့မှာ အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးကြသည်။

ယခုအခါမှာတော့ အင်ဒိုနီးရှားနိုင်ငံဧ။် အိမ်တစ်အိမ်တွင် ပိုင်ရှင်မသိပဲ ဝင်ရောက်ကာ ဇလုံထဲရှိ အဝတ်ပေများကို ဝင်ထိုင်လျှော်ပေးနေသော ချင်ပန်ဇီမျောက်တစ်ကောင်အား တွေ့ရှိခဲ့သည့် အိမ်ရှင်အမျိုးသမီးမှ အံ့အားသင့်သွားခဲ့ရသည်။အမျိုးသမီးသည် အိမ်အပြင်ရေချိုးကန်ဘေးတွင် ညစ်ပတ်နေသော အဝတ်အစားများ ဆပ်ပြာနှင့်အတူ ဇလုံတစ်ခုတွင် ရေစိမ်ကာ ထားထားသည်။

ထို့နောက် အိမ်ထဲတွင် ဝင်ရောက်နေစဉ် မျောက်တစ်ကောင်မှ ရောက်ရှိလာပြီး ထိုအဝတ်ပေများကို လက်နှင့်ပွတ်၍ သေချာထိုင်လျှော်ပေးနေခဲ့သည်ကို အိမ်ထဲရှိ ပြတင်းပေါက်ကနေ လှမ်းမြင်ခဲ့သည်။ထိုမျောက်လေးသည် မကြာခဏ ဒေသပတ်ဝန်းကျင်သို့ လာရောက်ကာ အစားအစာ ရှာဖွေလေ့ရှိပြီး အနီးနားရှိ အဆောက်အဦးအောက်များတွင် အိပ်စက်လေ့ရှိသည်ဟုလည်း သိရသည်။

အမျိုးသမီးသည် ထိုအဖြစ်အပျက်ကို ဗွီဒီယိုလေးရိုက်ကာ သူမအား အဝတ်လျှော်ကူခဲ့သော မျောက်လေး ဆိုပြီး လူမှုကွန်ယက်တွင် မျှဝေခဲ့သည်။

Zawgyi

အိမ္တစ္အိမ္ရွိ ဆပ္ျပာႏွင့္ေရစိမ္ထားေသာ အဝတ္ေပမ်ားအား ဝင္ေလွ်ာ္ေပးခဲ့ေသာ ခ်စ္စဖြယ္ေမ်ာက္ေလး

ေမ်ာက္ေလးမ်ားသည္ လူတို႔ပုံစံအတိုင္းလိုက္လုပ္တတ္ၾကၿပီး ကူညီေဖာ္ရသည့္အျပင္ ခ်စ္စဖြယ္အမူအရာေလးမ်ားရွိ၍ အခ်ိဳ႕မွာ အိမ္ေမြးတိရစာၦန္အျဖစ္ ေမြးၾကသည္။

ယခုအခါမွာေတာ့ အင္ဒိုနီးရွားႏိုင္ငံဧ။္ အိမ္တစ္အိမ္တြင္ ပိုင္ရွင္မသိပဲ ဝင္ေရာက္ကာ ဇလုံထဲရွိ အဝတ္ေပမ်ားကို ဝင္ထိုင္ေလွ်ာ္ေပးေနေသာ ခ်င္ပန္ဇီေမ်ာက္တစ္ေကာင္အား ေတြ႕ရွိခဲ့သည့္ အိမ္ရွင္အမ်ိဳးသမီးမွ အံ့အားသင့္သြားခဲ့ရသည္။အမ်ိဳးသမီးသည္ အိမ္အျပင္ေရခ်ိဳးကန္ေဘးတြင္ ညစ္ပတ္ေနေသာ အဝတ္အစားမ်ား ဆပ္ျပာႏွင့္အတူ ဇလုံတစ္ခုတြင္ ေရစိမ္ကာ ထားထားသည္။

ထို႔ေနာက္ အိမ္ထဲတြင္ ဝင္ေရာက္ေနစဥ္ ေမ်ာက္တစ္ေကာင္မွ ေရာက္ရွိလာၿပီး ထိုအဝတ္ေပမ်ားကို လက္ႏွင့္ပြတ္၍ ေသခ်ာထိုင္ေလွ်ာ္ေပးေနခဲ့သည္ကို အိမ္ထဲရွိ ျပတင္းေပါက္ကေန လွမ္းျမင္ခဲ့သည္။ထိုေမ်ာက္ေလးသည္ မၾကာခဏ ေဒသပတ္ဝန္းက်င္သို႔ လာေရာက္ကာ အစားအစာ ရွာေဖြေလ့ရွိၿပီး အနီးနားရွိ အေဆာက္အဦးေအာက္မ်ားတြင္ အိပ္စက္ေလ့ရွိသည္ဟုလည္း သိရသည္။

အမ်ိဳးသမီးသည္ ထိုအျဖစ္အပ်က္ကို ဗြီဒီယိုေလး႐ိုက္ကာ သူမအား အဝတ္ေလွ်ာ္ကူခဲ့ေသာ ေမ်ာက္ေလး ဆိုၿပီး လူမႈကြန္ယက္တြင္ မွ်ေဝခဲ့သည္။

Be the first to comment

Leave a Reply

Your email address will not be published.


*