အိမ်ခြေမဲ့အိမ်မွေးတိရိစ္ဆာန်များအတွက် နွေးထွေးပြီးသက်သောင့်သက်သာရှိစေမယ့် တာယာမွေ့ယာခင်းများပြုလုပ်ပေးခဲ့တဲ့ အမျိုးသား

Amarildo Silva Filho အမည်ရှိ၂၃ နှစ်အရွယ်အမျိုးသားတစ်ဦးဟာ တိရိစ္ဆာန်ကိုချစ်မြတ်နိုးတဲ့လက်မှုပညာရှင်တစ်ဦးပါ။Filho ဟာ လက်လီအရောင်းဆိုင်အလုပ်မှ နုတ်ထွက်ပြီးနောက် အိမ်ခြေမဲ့တိရိစ္ဆာန်လေးများအတွက် စွန့်ပစ်ထားတဲ့တာယာဟောင်းများကိုပြန်လည်အသုံးပြုကာ သူတို့အတွက် သက်သောင့်သက်သာရှိစေပြီးနွေးထွေးတဲ့အိပ်ရာအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။

တာယာအိပ်ရာတစ်ခုဖြစ်ဖို့ Filhoဟာ တာယာတွေကိုသေသေချာချာဖြတ်တောက်လိုက်ပြီး ဆေးသုတ်ခြင်း ပြုလုပ်လိုက်သလို တစ်ခါတစ်ရံ ကိုယ့်စိတ်ကြိုက်ကွဲပြားတဲ့အရောင်တွေနဲ့လည်း အလှဆင်ထားလိုက်ပါသေးတယ်။နွေးထွေးပြီးသက်သောင့်သက်သာရှိတဲ့ မွေ့ယာအချို့ကိုလည်း Filho ကိုယ်တိုင်ချုပ်ပေးခဲ့တာပါ။

ကိန်းဂဏန်းများအရ အမေရိကန်ပြည်ထောင်စု တစ်ခုတည်းမှာပင် ကြောင်နှင့်ခွေးအိမ်မွေးတိရိစ္ဆာန် သန်း ၇၀ ခန့်ရှိပါတယ်။ဒီသန်း ၇၀ အနက် ၇ သန်းခန့်က အိုးမဲ့အိမ်မဲ့များဖြစ်ကြပြီး နှစ်စဉ် အိမ်ခြေမဲ့အိမ်မွေးတိရိစ္ဆာန်များ ၃,၅၀၀ ခန့် တိုးပွါးလေ့ရှိပြီး ရာသီဥတုအလွန်ဆိုးရွားခြင်း နှင့် ဖျားနာခြင်းကြောင့် နှစ်စဉ်အိမ်ခြေမဲ့အိမ်မွေးတိရိစ္ဆာန် ၂.၇ သန်းခန့် သေဆုံးကြပါတယ်။အမိုးအကာမရှိခြင်း နှင့် အစားအစာမလုံလောက်ခြင်းတို့ကြောင့် ၎င်းတို့ရဲ့အသက်တွေကို အလကားသတ်သတ်ဆုံးရှုံးစေခဲ့ပါတယ်။

Filho ဟာ သူ့ရဲ့ချစ်ခြင်းမေတ္တာနှင့်သနားကြင်နာမှုတို့ကြောင့် လေလွင့်နေတဲ့အိမ်ခြေမဲ့အိမ်မွေးတိရိစ္ဆာန်များကိုကယ်တင်ရန် ဒီမစ်ရှင်ကို စတင်ဦးဆောင်ခဲ့တာပါ။Filho ဟာ ထိုအချိန်မှစပြီး တာဟာမွေ့ယာအလုံးပေါင်း ၆၀၀၀ ကျော်ကိုပြုလုပ်နိုင်ခဲ့ပြီး လေလွင့်နေတဲ့အိမ်မွေးတိရိစ္ဆာန်ပေါင်း ၆၀၀၀ ကျော်ကိုကူညီပေးခဲ့ပါတယ်။သူ့ရဲ့ တီထွင်ဖန်တီးမှုတွေကို ကမ္ဘာတစ်ဝှမ်းကအသိအမှတ်ပြုကြပြီး ယခုအခါအိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်များထံမှ အမှာစာများစွာကိုလည်း လက်ခံရရှိနေပါပြီ။

Filhoက တာယာကိုအခြားအိမ်တွင်းကိရိယာအဖြစ်လည်း ပြုလုပ်ရောင်းချပါသေးတယ်။စာဖတ်သူတို့လည်း ကိုယ်တိုင်ကအိမ်မွေးတိရိစ္ဆာန်ပိုင်ရှင်မဟုတ်ရင်တောင်မှ ရပ်ကွက်ထဲကလေလွင့်နေတဲ့ခွေး၊ကြောင်လေးတွေကို အခုလို့နည်းလမ်းလေးနဲ့ ကူညီပေးနိုင်ပါတယ်။သူ့တာယာအိပ်ရာလေးတွေက size စုံသလို ချစ်ဖို့​လည်းအရမ်းကောင်းနေပါတယ်။

#6

#7

#8

#9

#10

#11

#12

#13

#14

#15

Be the first to comment

Leave a Reply

Your email address will not be published.


*