အိမ်ခြေမဲ့သူတွေကို သူ့ရဲ့နေအိမ်ခြံဝင်းထဲသို့ လာရောက်နေထိုင်ရန် ဖိတ်ခေါ်ခဲ့တဲ့ အမျိုးသား

အိမ်ခြေမဲ့သူတွေကို သူ့ရဲ့နေအိမ်ခြံဝင်းထဲသို့ လာရောက်နေထိုင်ရန် ဖိတ်ခေါ်ခဲ့တဲ့ အမျိုးသား

ကျပန်းရွက်ဖျင်တဲအုပ်စုတစ်စုဟာ Utah ပြည်နယ် Salt Lake City ရှိ Darin Mann အမည်ရှိအမျိုးသားတစ်ဦးရဲ့နေအိမ်ခြံဝင်းမှာ အခြေချနေပါတယ်။ Darin ရဲ့ကြင်နာမှုကြောင့် ထိုတဲများရှိ နေထိုင်သူ ၁၅ ဦးခန့်က ခြံဝင်းထဲမှာ နေထိုင်နေကြပြီး သူ့ရဲ့နေအိမ်ရှိရေချိုးခန်းကိုလည်း အလွယ်တကူအသုံးပြုနိုင်ပါတယ်။

ကျေးရွာစခန်းဟုအမည်ပေးထားတဲ့ ၎င်းခြံဝင်းပိုက်နက်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလလယ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ဒေသခံတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ Darin ဟာ “ အိုးမဲ့အိမ်မဲ့ဖြစ်မှုကို လူများကမည်သို့ရှုမြင်သည်ကို ဖယ်ရှားပစ်ရန်” ရည်ရွယ်ချက်ဖြင့် သူ့ရဲ့ ပိုင်ဆိုင်မှုကို အသုံးချစေခဲ့ပါတယ်။လူတိုင်းကိုဂုဏ်သိက္ခာရှိရှိဆက်ဆံရန်လိုအပ်ပြီး လိုအပ်လာရင်လည်း ကူညီပေးရမယ်လို့ Darin က သူကိုယ်သူ ခံယူထားပါတယ်။

 

၎င်းစခန်းမှာ နေထိုင်သူများက သူထိန်းသိမ်းထားတဲ့အများပြည်သူပိုင်ဥယျာဉ်ကို သန့်ရှင်းရေးလုပ်ခြင်းဖြင့် ရပ်ရွာကိုကူညီပေးကြသလို စခန်းကိုလည်း သန့်ရှင်းစွာထားကြကြောင်း Darin က ဆိုပါတယ်။Darin ရဲ့စီမံကိန်းဟာ သူ့ရဲ့အိမ်နီးချင်းများနှင့် သဘောထားကွဲလွှဲမှုတွေလည်း ရှိနေပါတယ်။သူတို့ထဲကအချို့က မြို့တော်ဝန်များထံ တိုင်ကြားစာများတင်သွင်းခဲ့ကြပြီး Darinဟာ လူနေအိမ်များကို ၂ ရက်ကျော်စခန်းချခွင့်မပြုသည့်စည်းမျဉ်းကို ဖောက်ဖျက်နေသည်ဟု ဆိုခဲ့ကြပါတယ်။

Darinဟာ စခန်းပိတ်ရန် နှစ်ပတ်ကြိုတင်အကြောင်းကြားစာပါ ရရှိခဲ့ပါသေးတယ်။သို့ပေမဲ့ သူတို့ထဲမှအချို့ကတော့ စခန်းအတွက် လှူဒါန်းဖို့အစားအစာချက်ပြုတ်ပေးကြသလို အခြားသူများကမူ သူတို့ရဲ့နေအိမ်များအတွက် အလုပ်လုပ်ပေးရန် ဌားရမ်းခဲ့ကြပါတယ်။အဆိုပါစခန်းရဲ့နေထိုင်သူများက Darinရဲ့ခြံဝင်းထဲမှာ နေထိုင်ရခြင်းက သူတို့အတွက် အရမ်းကို လုံခြုံစိတ်ချရကြောင်း ပြောကြားခဲ့ကြပါတယ်။

သူတို့ထဲမှ တစ်ယောက်က “ ငါ သူ့ကို အရင်က တွေ့ဖူးပေမဲ့ တွေ့လိုက်တဲ့ခနတာအတွင်းမှာ သူက အရမ်းသဘောကောင်းဖော်ရွေတယ် ၊အခုတော့ ငါ သူ့ရဲ့အရိပ်အောက်မှာ ခိုလှုံခွင့်ရနေပြီ ” လို့ ဆိုခဲ့ပါတယ်။ထို့အပြင် Darin က မြို့တော်အစိုးရဟာ အိုးမဲ့အိမ်မဲ့သူများအတွက် ပိုမိုလုပ်ဆောင်ပေးသင့်တယ်လို့ ယုံကြည်နေပြီး လာမည့်နှစ်ပတ်အတွင်း စခန်းအား ဆက်လက်ဖွင့်လှစ်နိုင်ဖို့ စည်းရုံးသိမ်းသွင်းရန် အဆင့်မြင့်မြို့အာဏာပိုင်များနှင့်တွေ့ဆုံခဲ့ပါသေးတယ်။

Darinဟာ လူ့အဖွဲ့အစည်းရဲ့အနားသတ်မှာနေထိုင်နေကြသူတွေကိုလည်း သူကဲ့သို့ အိုးမဲ့အိမ်မဲ့များအား အကူအညီပေးနိုင်စေရန် မျှော်လင့်နေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*