အိမ်ခြေမဲ့လူပေါင်း 1000 ကျော်ခန့် မှီခိုနေထိုင်နေရတဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခု

အိမ်ခြေမဲ့လူပေါင်း 1000 ကျော်ခန့် မှီခိုနေထိုင်နေရတဲ့ မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခု

Las Vegas မှာရှိတဲ့ နာမည်ကြီး ရေတူးမြောင်းလိုဏ်ခေါင်းတစ်ခုဟာ အရှည် 200 မိုင်ခန့်ရှိပြီး အဆိုပါလိုဏ်ခေါင်းမှာ မှီခိုပြီး အားကိုးနေထိုင်သူ အိမ်ခြေမဲ့လူပေါင်း 1000 ကျော်ခန့်ရှိကြောင်း သိရပါတယ် ။အချို့လူတွေဟာဆိုရင် တစ်ကယ့်ကိုယ့်ရဲ့အိမ်လို အိမ်အသုံးအဆောင်ပရိဘောဂတွေ ၊ ကုတင်တွေ ၊ စာအုပ်စင်တွေနဲ့ ထားရှိပြီး နေထိုင်လေ့ရှိကြပါတယ် ။ တစ်ခါတစ်လေ ရေကြီးရေလျှံတဲ့အချိန်မျိုးမှာဆိုရင် အချင်းချင်းကူညီဖေးမပြီးနေထိုင်ကြကာ ၊ အချင်းချင်း ထိခိုက်ပြသာနာရှာခြင်းမျိုး လုံးဝမရှိကြောင်းလည်း သိရပါတယ် ။

အဆိုပါ လိုဏ်ခေါင်းထဲမှာ နေထိုင်ကြသူတွေဟာ အောက်ခြေသိမ်းအလုပ်မျိုးစုံ လုပ်ကိုင်နေကြသူဖြစ်ပြီး ၊ အချို့ဆိုရင် ဟိုတယ်ဝန်ထမ်းများဖြစ်ကြောင်းသိရပါတယ် ။ နေထိုင်သူတစ်ဦးကတော့ ၎င်းတို့ဟာ လုပ်သင့်လုပ်ထိုက်တဲ့အရာတွေကိုသာ ပြုလုပ်ပြီး ကြိုးစားရှင်သန်နေကြသူတွေသာဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။

#3

#4

#5

#6

#7

#8

#9

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*