အိမ်ခေါင်မိုးပေါ်မှာရှိနေတဲ့သခင့်ဆီကို အရောက်သွားဖို့ လှေကားထစ်ပေါ်ကို ကျွမ်းကျင်စွာ တက်နေခဲ့တဲ့ ခွေးလေး

အိမ်ခေါင်မိုးပေါ်မှာရှိနေတဲ့သခင့်ဆီကို အရောက်သွားဖို့ လှေကားထစ်ပေါ်ကို ကျွမ်းကျင်စွာ တက်နေခဲ့တဲ့ ခွေးလေး

Portland မြို့ရှိ Vince Matteson အမည်ရှိခွေးပိုင်ရှင်အမျိုးသားဟာ သူ့အိမ်ခေါင်မိုးပေါ်သို့ ခရစ်စမတ်မီးလုံးတပ်ဆင်ရန် အိမ်ခေါင်မိုးပေါ်မှာ ရှိနေစဉ် သူ့ရဲ့ခွေးလေးတွေထဲမှ Ace လို့ခေါ်တဲ့ခွေးလေးက သူ့လိုခေါင်မိုးပေါ်မှာရောက်ရှိနေတာကို ရုတ်တရက်တွေ့လိုက်ရတဲ့အခါ သူဟာ အလွန်အံ့အားသင့်သွားခဲ့ရပါတယ်။ Vince ဟာ Ace ဘယ်လိုတက်လာတယ်ဆိုတာကို အရမ်းရှုပ်ထွေးသွားခဲ့ပါတယ်။

 

Vince ဟာ တစ်စုံတစ်ဦး က သူ့ကိုလှည့်စားနေတယ်လို့ ထင်ခဲ့ပြီးနောက် ဘယ်လိုဖြစ်ပျက်ခဲ့တာကိုကြည့်ရှုရန် သူ့ရဲ့အိမ်နောက်ဖေးရှိလုံခြုံရေးကင်မရာကိုကြည့်ပြီး ပြန်လည်သုံးသပ်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

 

 

Vince က လုံခြုံရေးကင်မရာကိုကြည့်ရှုခဲ့ပြီးနောက် Ace ဟာ လှေကားထစ်ဖြင့် ခေါင်မိုးပေါ်သို့ကျွမ်းကျင်စွာတက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။Vince ဟာ Ace ကို လှေကားများတက်နိုင်လိမ့်မယ်လို့ တစ်ခါမှသူစိတ်မကူးကြည့်ဖူးကြောင်း ပြောကြားခဲ့ပါတယ်။ Ace မှာ ဒီလိုစွမ်းရည်ရှိတာကိုတွေ့ရတော့ အရမ်းအံ့ဩသွားခဲ့တယ်လို့ ဆိုပါတယ်။

 

Vince ဟာ သူရဲ့ခွေးလေးတွေက နပန်းလုံးခြင်း ၊ အပန်းဖြေခြင်း ၊ ရေကူးခြင်းနှင့် ကစားစရာများကိုဖျက်ဆီးဖို့သာ နှစ်သက်ကြကြောင်းဖော်ပြခဲ့ပါတယ်။

သို့ပေမဲ့ Vince က Ace မှာ အခုလိုအံ့ဩဖွယ်ကောင်းတဲ့ တောင်တက်ခြင်းစွမ်းရည်အချို့ရှိနေတာကို လုံးဝမသိခဲ့ပါဘူး။Vince ရဲ့ Bo လို့ခေါ်တဲ့ခွေးလေးက သတိရှိတဲ့အမျိုးအစားဖြစ်တာကြောင့် မြေပြင်ပေါ်မှာဘဲ နေမယ်လို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။ခွေးလေးရဲ့ အခုလို ချစ်စဖွယ်ကောင်းတဲ့စွန့်စားမှုတစ်ခုခုကို မြင်တွေ့ခဲ့ရခြင်းက ဝမ်းသာချီးကျူးစရာပါဘဲ။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*