
အိမ်ခေါင်မိုးပေါ်ပြုတ်ကျလာတဲ့ဥက္ကာခဲကြောင့်၊မီလျံနာသူဌေးဖြစ်သွားခဲ့ရတဲ့လက်သမားတစ်ဦးရဲ့ဖြစ်ရပ်
အင်ဒိုနီးရှားနိုင်ငံကအသက်(33)နှစ်အရွယ်Josuaဆိုတဲ့လက်သမားတစ်ဦးဟာ၊၎င်းရဲ့နေအိမ်အပြင်ဘက်မှာအလုပ်လုပ်နေစဥ်၊အိမ်ခေါင်မိုးပေါ်ကနေမိုးကြိုးပစ်ချတဲ့အသံလို၊ကျယ်လောင်လှတဲ့အသံကြီးတစ်ခုကိုကြားလိုက်တဲ့အတွက်ကြောင့်ထိန့်လန့်ခဲ့ရပါတယ်။ထို့နောက်အိမ်ထဲကိုအမြန်ပြေးကြည့်ခဲ့တဲ့အခါမှာတော့၊(15cm)ရှိတဲ့ကျောက်တုံးလိုအရာဟာအိမ်ခေါင်မိုးပေါ်ကနေပေါက်ထွက်ပီးကျလာခဲ့တာကိုအံ့သြစွာတွေ့ရှိခဲ့ရပါတယ်။
ထို့နောက်Josuaဟာ၊’ဒီလောက်ကြီးတဲ့ကျောက်တုံးကြီးကိုတော့ဘယ်သူမှအိမ်ခေါင်မိုးပေါ်ပစ်မှာမဟုတ်ဘူး။ဒီဟာကကဥက္ကာခဲကြီးရဲ့အစိတ်အပိုင်းကျလာတာပဲဖြစ်မယ်’ဆိုပီးတွေးနေခဲ့ပါတယ်။ထို့နောက်၎င်းရဲ့အဖြစ်ပျက်ကို၊ပုံနှင့်တကွfbမှာပို့စ်တင်လိုက်တဲ့အခါမှာတော့၊Josuaရဲ့သတင်းဟာချက်ချင်းပဲတစ်ကမ္ဘာလုံးကိုပျံနှံ့သွားခဲ့ပီး၊နိုင်ငံတကာကစိတ်ဝင်စားစေခဲ့တဲ့သတင်းတပုဒ်ဖြစ်ခဲ့ပါတယ်။
ထို့နောက်၎င်းတွေ့တဲ့အရာဟာတကယ်ကိုပဲဥက္ကာခဲအပိုင်းအစဖြစ်တယ်ဆိုပီး၊လေ့လာသူတချို့ကကောမန့်ရေးသားခဲ့ကြပါတယ်။Josuaဟာဥက္ကာခဲကိုဝယ်ယူချင်တယ်လို့ပြောတဲ့သူတစ်ယောက်ရဲ့မက်ဆေ့ကြောင့်၊အရမ်းပဲပျော်ရွှင်လွန်းလို့ထခုန်ရတုဲ့အထိကိုဖြစ်ခဲ့ပါတယ်လို့ဆိုပါတယ်။
ထိုသတင်းကိုတွေ့ခဲ့တဲ့အမေရိကန်နိုင်ငံကအမျိုးသားတစ်ဦးဟာ၊ထိုဥက္ကာခဲကိုအမေရိကန်ဒေါ်လာ(1.7million)စျေးပေးခဲ့ပီး၊ဝယ်ယူသွားခဲ့ပါတယ်။Josuaဟာရောင်းရတဲ့ပိုက်ဆံထဲက၊၎င်းရဲ့ဒေသလေးမှာဘုရားကျောင်းဆောက်လုပ်ပေးခဲ့ပါတယ်။Josuaရဲ့ဘဝဟာယခုအခါမှာတော့၊အလုပ်လုပ်စရာမလိုပဲတစ်သက်စာထိုင်စားလို့ တောင်မကုန်တဲ့သူဌေးကြီးဖြစ်သွားခဲ့ပါပီ။ယခုအခါမှာတော့ထိုဥက္ကာခဲကိုအာကာသဆိုင်ရာလေလာရေးကျောင်းတခုဖြစ်တဲ့’Arizon State University’မှာထိန်းသိမ်းထားပါတယ်လို့သိရပါတယ်။
Leave a Reply