
အိမ်ကိုရေမြုပ်တော့မယ့်အချိန်ရေမကူးတတ်တဲ့ခင်ပွန်းရဲ့ Gundam အရုပ်တွေအကုန် သယ်ထုတ်ပေးခဲ့တဲ့ ဇနီးသည် (ရုပ်သံ)
ရေကြီးမှု ၊ ရေလွှမ်းမိုးမှုတွေနဲ့ကြုံရတဲ့အချိန်မှာ လူအများစုဟာ အရေးကြီးတဲ့ပစ္စည်းတွေ နဲ့ စာရွက်စာတမ်းတွေကိုသာ အလျင်အမြန်ယူဆောင်ထွက်ပြေးကြဖို့ သတိရမိကြမှာပါ ။
သို့ပေမဲ့လည်း တရုတ်နိုင်ငံ ၊ Chongqing မြို့မှာရှိတဲ့ အမျိုးသမီးတစ်ယောက်အတွက်တော့ အဲ့စာရွက်စာတမ်းတွေထက် အရေးကြီးတဲ့အခြားအရာရှိနေခဲ့ပါတယ် ။ အဲဒါကတော့ သူမခင်ပွန်းဖြစ်သူကြိုက်နှစ်သက်လွန်းတဲ့ Gundam အရုပ်တွေကို ရေလွှမ်းနေတဲ့နေအိမ်ရဲ့ပုတင်းပေါက်တံခါးကိုရိုက်ခွဲပြီး သွားယူပေးခဲ့တာပါပဲ ။
ခင်ပွန်းဖြစ်သူက သူ့ရဲ့ Gundam အရုပ်လေးတွေကို သွားပြန်ယူချင်ခဲ့ပေမဲ့လည်း ရေမကူးတတ်တဲ့အတွက် ၊ နေအိမ်ရဲ့ဒုတိယထပ်အထိ ရေလွှမ်းမိုးမှုမရှိသေးလို့ ရေးကူးတတ်တဲ့ ဇနီးဖြစ်သူက အသက်ကယ်အင်္ကျီ ဝတ်ပြီး ချစ်လှစွာသောခင်ပွန်းဖြစ်သူ တန်ဖိုးထားလွန်းတဲ့အရုပ်တွေကို သွားပြန်ယူပေးခဲ့တာပါ ။
ဇနီးသည်ကို ကျေးဇူးတင်လွန်းလို့ ခင်ပွန်းဖြစ်သူက ” ဒီတစ်သက် ငါမင်းကိုလုံးဝလက်မလွတ်နိုင်တော့ဘူး ” ဆိုပြီး video နှင့်တကွဝေမျှခဲ့ပါတယ် ။ တရုတ်နိုင်ငံ တောင်ဖက်ပိုင်းတွေမှာဆိုပြီး ပြီးခဲ့တဲ့ June လအစပိုင်းလောက်ကတည်းက ဆိုးဝါးလှတဲ့ရေလွမ်းမိုးမှုဘေးနဲ့ ရင်ဆိုင်ကြုံတွေ့နေခဲ့ရတာ ဖြစ်ပါတယ် ။
Zawgyi
အိမ္ကိုေရျမဳပ္ေတာ့မယ့္အခ်ိန္ေရမကူးတတ္တဲ့ခင္ပြန္းရဲ႕ Gundam အ႐ုပ္ေတြအကုန္ သယ္ထုတ္ေပးခဲ့တဲ့ ဇနီးသည္ (႐ုပ္သံ)
ေရႀကီးမႈ ၊ ေရလႊမ္းမိုးမႈေတြနဲ႔ႀကဳံရတဲ့အခ်ိန္မွာ လူအမ်ားစုဟာ အေရးႀကီးတဲ့ပစၥည္းေတြ နဲ႔ စာ႐ြက္စာတမ္းေတြကိုသာ အလ်င္အျမန္ယူေဆာင္ထြက္ေျပးၾကဖို႔ သတိရမိၾကမွာပါ ။
သို႔ေပမဲ့လည္း တ႐ုတ္ႏိုင္ငံ ၊ Chongqing ၿမိဳ႕မွာရွိတဲ့ အမ်ိဳးသမီးတစ္ေယာက္အတြက္ေတာ့ အဲ့စာ႐ြက္စာတမ္းေတြထက္ အေရးႀကီးတဲ့အျခားအရာရွိေနခဲ့ပါတယ္ ။ အဲဒါကေတာ့ သူမခင္ပြန္းျဖစ္သူႀကိဳက္ႏွစ္သက္လြန္းတဲ့ Gundam အ႐ုပ္ေတြကို ေရလႊမ္းေနတဲ့ေနအိမ္ရဲ႕ပုတင္းေပါက္တံခါးကို႐ိုက္ခြဲၿပီး သြားယူေပးခဲ့တာပါပဲ ။
ခင္ပြန္းျဖစ္သူက သူ႔ရဲ႕ Gundam အ႐ုပ္ေလးေတြကို သြားျပန္ယူခ်င္ခဲ့ေပမဲ့လည္း ေရမကူးတတ္တဲ့အတြက္ ၊ ေနအိမ္ရဲ႕ဒုတိယထပ္အထိ ေရလႊမ္းမိုးမႈမရွိေသးလို႔ ေရးကူးတတ္တဲ့ ဇနီးျဖစ္သူက အသက္ကယ္အက်ႌ ဝတ္ၿပီး ခ်စ္လွစြာေသာခင္ပြန္းျဖစ္သူ တန္ဖိုးထားလြန္းတဲ့အ႐ုပ္ေတြကို သြားျပန္ယူေပးခဲ့တာပါ ။
ဇနီးသည္ကို ေက်းဇူးတင္လြန္းလို႔ ခင္ပြန္းျဖစ္သူက ” ဒီတစ္သက္ ငါမင္းကိုလုံးဝလက္မလြတ္ႏိုင္ေတာ့ဘူး ” ဆိုၿပီး video ႏွင့္တကြေဝမွ်ခဲ့ပါတယ္ ။ တ႐ုတ္ႏိုင္ငံ ေတာင္ဖက္ပိုင္းေတြမွာဆိုၿပီး ၿပီးခဲ့တဲ့ June လအစပိုင္းေလာက္ကတည္းက ဆိုးဝါးလွတဲ့ေရလြမ္းမိုးမႈေဘးနဲ႔ ရင္ဆိုင္ႀကဳံေတြ႕ေနခဲ့ရတာ ျဖစ္ပါတယ္ ။
Leave a Reply