အိမ်ကမိန်းမမသိအောင် ကားစက်ဖုံးကြားထဲတွင် ပိုက်ဆံဘတ်၄၅၀၀၀ကို ၆လလောက်ဖွက်ထားခဲ့ရာမှ ကြွက်ကိုက်သွား၍ အကုန်ဆုံးရှုံးခဲ့ရသည့်အမျိုးသား

အိမ်ကမိန်းမမသိအောင် ကားစက်ဖုံးကြားထဲတွင် ပိုက်ဆံဘတ်၄၅၀၀၀ကို ၆လလောက်ဖွက်ထားခဲ့ရာမှ ကြွက်ကိုက်သွား၍ အကုန်ဆုံးရှုံးခဲ့ရသည့်အမျိုးသား

အိမ်ထောင်ရှင်အမျိုးသားတိုင်းသည် ငွေကြေးအနည်းငယ်သုံးစွဲနိုင်ရန်အတွက် ဇနီးသည်မသိအောင် ဖွက်ထားပြီးမှ သုံးစွဲနေရသည်မှာ အာရှဒေသ၏ အစဥ်အလာတစ်ခုလည်းဖြစ်ပါတယ်။အာရှဒေသတွင် အခြေခံလူတန်းစားများပြားလှသဖြင့် ရှာဖွေရသမျှကို ဇနီးသည်တို့က နောင်ရေးအတွက် ခြွေတာစုဆောင်းနေရတာဖြစ်ပါတယ်။

ယခုတွင်လည်း ထိုင်းနိုင်ငံမှ အမျိုးသားတစ်ဦးဟာ ရှာဖွေရသမျှပိုက်ဆံကို ဇနီးသည်အား အကုန်မပေးချင်သောကြောင့် ကားစက်ဖုံကြားလေးထဲတွင် ထိုင်းဘတ်ငွေ၄၅၀၀၀ကို ဖွက်ထားခဲ့တာဖြစ်ပါတယ်။ထို့နောက်အမျိုးသားဟာ သူဖွက်ထားသည့်ပိုက်ဆံကို မေ့နေခဲ့ပြီး ၆လလောက်ကြာမှ သတိရကာ သွားယူကြည့်ခဲ့တာဖြစ်ပါတယ်။

ထိုအချိန်တွင်တော့ ဝမ်းနည်းစွာဖြင့် ပိုက်ဆံတွေအကုန်လုံးကို ကြွက်မျာကိုက်သွားသဖြင့် ကိုယ်တိုင်မသုံးလိုက်ရသည့်အပြင် ဇနီးသည်ကပါမြင်သွားခဲ့လို့ အဆူခံခဲ့ရပါတယ်။

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*