အိမ်ကခွေးလေးကို ကမ်းခြေသို့ ပထမဆုံးအကြိမ်ခေါ်သွားခဲ့တဲ့အမျိုးသားရဲ့အဖြစ်

ခွေးတွေထဲမှာမှ Husky ခွေးလေးတွေဟာ အခြားခွေးတွေနဲ့မတူဘဲ အရမ်းကို စွာပြီး အဆော့မှတ်တတ်ကြပါတယ်။သူတို့လေးတွေက ပြန်မပြော နားမထောင်လေးတွေပါ။အခြားခွေးလိမ္မာလေးတွေဆို တစ်ခွန်းဆို တစ်ခွန်းဘဲ ငြိမ်သွားတတ်ကြပေမယ့် Husky လေးတွေကတော့ မဟုတ်နေပါဘူး။

သူတို့နဲ့အတူနေရတာ ပျင်းချိန်နည်းနည်းလေးတောင် ရှိမှာမဟုတ်ပါဘူး။အခုလည်း Huskyတစ်ကောင် ကမ်းခြေရောက်တော့ အပျော်လွန်ပြီး အနောက်ကိုတောင်လှည့်မကြည့်ဘဲ သခင့်ကိုပါ တစ်ရွတ်တိုက်ဆွဲလိုဆွဲနဲ့ ၊ အနောက်ကသခင်ရဲ့မြင်ကွင်းကတော့ ကြည့်မလှဖြစ်ခဲ့ရပါတယ်။

ပြီးကျ့ သူမဟုတ်တဲ့အတိုင်း အပြစ်မရှိတဲ့ရုပ်နဲ့ သခင့်ဆီပြန်လှည့်လာလိုက်ပါသေးတယ်။အမြဲပျင်းရိနေရပြီး တစ်ကိုယ်တည်းဖြစ်နေရင်တော့ Huskyခွေးလေးတွေကို မွေးကြည့်ကြပါ။အခုလို အဖြစ်အပျက်တွေ နဲ့ ရသပေါင်းစုံကြုံဖူးသွားပါလိမ့်မယ်။

#4

#5

#6

Be the first to comment

Leave a Reply

Your email address will not be published.


*