အိမ်ကကျွဲ အခိုးခံလိုက်ရပေမဲ့ အမြဲပြုံးရယ်နေတတ်တဲ့ကျွဲရဲ့မျက်နှာထားလေးကြောင့် သခင်ဖြစ်သူနဲ့ ပြန်ဆုံတွေ့နိုင်ခဲ့တဲ့အဖြစ်

အိမ်ကကျွဲ အခိုးခံလိုက်ရပေမဲ့ အမြဲပြုံးရယ်နေတတ်တဲ့ကျွဲရဲ့မျက်နှာထားလေးကြောင့် သခင်ဖြစ်သူနဲ့ ပြန်ဆုံတွေ့နိုင်ခဲ့တဲ့အဖြစ်

ပြီးခဲ့တဲ့ရက်ပိုင်းကမှ ထိုင်းနိုင်ငံမှာနေထိုင်တဲ့ Thong Khum အမည်ရှိတဲ့ ကျွဲတစ်ကောင်ဟာ အခိုးခံလိုက်ရပါတယ် ။ သခင်ဖြစ်သူ Mr.Paewkate ကတော့ သူအချစ်ဆုံးကျွဲကို ဆုံးရှုံးလိုက်ရလို့ ဘယ်လိုမှ စိတ်မဖြေသာတော့ဘဲ သူငယ်ချင်းတွေနဲ့အတူ ထွက်ရှာခဲ့ပါတယ် ။ ဒါ့အပြင် ငွေရောင် Nissan truck ကား တစ်စီးက အိမ်ဝန်းထဲဝင်လာပြီး သူ့ရဲ့ကျွဲကိုခိုးသွားခဲ့တဲ့ CCTV ရုပ်သံကိုလည်း sicial media ပေါ်မှာ ဝေမျှခဲ့ပါတယ် ။ အဆိုပါ post လေးကအတော်ပျံ့နှံသွားခဲ့ပြီး ကျွဲလေး Thong Khum ကို လူအတော်အများက ဂရုစိုက်မိလာခဲ့ပါတယ် ။

သခင်ဖြစ်သူကလည်း ကျွဲလေးပျောက်ဆုံးနေတဲ့စိတ်နဲ့ လုံးဝအိပ်မရဘဲ ညဘက် 1 နာရီအချိန်မှာ နေအိမ်ကနေထွက်ရှာခဲ့ပါတယ် ။ ကံကောင်းစွာနဲ့ 11 နာရီအကြာမှာတော့ သူ့ရဲ့အမြဲပြုံးရယ်တတတ်တဲ့ကျွဲလေးကို ပြန်လည်ရှာတွေ့ပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ဆက်သွယ်အကြောင်းကြားလာခဲ့ပါတယ် ။ ကျွဲလေးမှာတော့ ဘတ်ငွေ 60,000 ခန့်နဲ့ ရောင်းစားခံခဲ့ရတာဖြစ်ကြောင်း သိရပါတယ် ။ ဒါကြောင့် သခင်ဖြစ်သူက သူ့ရဲ့ကျွဲ နောက်ထပ်အခိုးခံရမှာကြောက်လို့ ခြံဝန်းကိုလုံခြုံစွာ ပြုပြင်ခဲ့ရကြောင်း သိရှိရပါတယ် ။

Zawgyi





 

Be the first to comment

Leave a Reply

Your email address will not be published.


*