အိပ်ရာထဲမှမထနိုင်သော ဇနီးသည်၏ခင်ပွန်းဟောင်းကို နေအိမ်သို့ခေါ်ဆောင်ကာ ၈နှစ်ကျော်ကြာ ပြုစုစောင့်ရှောက်ပေးခဲ့သည့် အမျိုးသား

အိပ်ရာထဲမှမထနိုင်သော ဇနီးသည်၏ခင်ပွန်းဟောင်းကို နေအိမ်သို့ခေါ်ဆောင်ကာ ၈နှစ်ကျော်ကြာ ပြုစုစောင့်ရှောက်ပေးခဲ့သည့် အမျိုးသား

ယခုအမျိုးသမီးဟာ အသက်၁၉နှစ်အရွယ်တွင် အသက်၄၉နှစ်အရွယ်အမျိုးသားနှင့် ပထမအိမ်ထောင်ကျခဲ့ပါတယ်။ထို့နောက်တွင် သားသမီးများမွေးဖွားပြီး ၅နှစ်အကြာတွင် ကွာရှင်းပြတ်စဲခဲ့ကြသည်ဟု သိရပါတယ်။ထို့နောက်တွင် အမျိုးသမီးဟာ အချိန်ကြာလာသည်နှင့် အခြားယောကျာ်းတစ်ဦးနှင့် နောက်အိမ်ထောင်ပြုခဲ့ပါတယ်။

ထိုအချိန်တွင် မမျှော်လင့်ဘဲ အရင်ကွာရှင်းထားသော ယောကျာ်းဟောင်းဟာ ယာဥ်မတော်တဆဖြစ်ကာ ထိခိုက်မိခဲ့ပြီး ပြုစုစောင့်ရှောက်မယ့်လူမရှိဖြစ်နေခဲ့ပါတယ်။ထို့ကြောင့် အမျိုးသမီး၏ ခင်ပွန်းအသစ်ဟာ သဘောထားကြီးစွာဖြင့် ခင်ပွန်းအဟောင်းကို နေအိမ်သို့ခေါ်ဆောင်ကာ ကိုယ်တိုင်ပင် ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။

 

ယခုဆိုလျှင် ထိုအမျိုးသားဟာ ပြုစုစောင့်ရှောက်လာသည်မှာ ၈နှစ်ကြာလာခဲ့ပြီဖြစ်ပြီး အခြားပတ်ဝန်းကျင်ရှိလူများဟာ အမျိုးသား၏ သဘောထားကြီးမှုကို လေးစားခဲ့ရပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*