အိပ်မပျော်စေရန် အနှောင့်အယှက်ပေးသည့် ရောဂါများ

စိုးရိမ်စိတ်လွန်ကဲခြင်းနှင့် စိတ်ဖိစီးခြင်း

စိတ်ဖိစီးခြင်း၊ လုပ်ငန်းခွင်၊ မိသားစု၊ ကျောင်းပညာရေးအတွက် ပူပန်ခြင်းစသည်တို့သည် စိတ်တည် ငြိမ်မှုကို အနှောင့်အယှက် ဖြစ်စေသည်။ စိုးရိမ်စိတ်လွန်ကဲခြင်းသည်လည်း အိပ်မပျော်စေရန် အနှောင့်အယှက်ပေးနိုင်ပြီး ရံဖန်ရံခါ နာတာရှည်အိပ်မပျော်ရောဂါ (chronic insomnia) ကိုပင်ဖြစ်စေသည်။


စိတ်ကျခြင်း

စိတ်ကျဝေဒနာသည်အိပ်ခြင်း အပေါ်ဝေဒနာနှစ်ခု သက်ရောက်နိုင်သည်။ တစ်ခါတရံအလွန်အမင်း အိပ်ငိုက်စေပြီးတစ်ခါတရံ အိပ်မပျော်ဘဲဖြစ်စေသည်။ ဦးနှောက်တွင်း ဓါတုပစ္စည်းမညီမျှခြင်းကြောင့် ဖြစ်စေ၊ စိတ်ပူပန်မှုများခြင်းကြောင့် ဖြစ်စေ အိပ်ငိုက်စေသလို အိပ်မပျော်ခြင်းကိုလည်း ဖြစ်စေတတ်သည်။

နာတာရှည်နာကျင်ကိုက်ခဲဝေဒနာ

သွေးလေးဘက်နာရောဂါ၊ အဆစ်ရောင်ရောဂါ၊ ကြွက်သားနာကျင်ကိုက်ခဲဝေဒနာနှင့် အခြားနာတာရှည်နာကျင် ကိုက်ခဲဝေဒနာများသည် အိပ်ရာဝင်ချိန်တွင် ပိုမိုဒုက္ခပေးတတ်ပြီး အိပ်မပျော်စေရန် နှောင့်ယှက်တတ်သည်။ ဘယ်ညာလူးလွန်.ရုံ၊ ကွေးဆန့်ရုံမျှဖြင့် နာကျင်လာတတ်သည်။

ရင်ကျပ်ရောဂါ

ရင်ကျပ်ရောဂါသည် ညဘက်ရောက်မှပိုဆိုးတတ်ပြီး အသက်ရှူစဉ် တရွှီးရွှီးမြည်ကာ ချောင်းများပင် ဆိုးတတ်သည်။

နှလုံးရောဂါ

နှလုံးမှသွေးများ ထိထိရောက်ရောက်မညှစ်နိုင်ဘဲ နှလုံးလုပ်ငန်းများ ကျဆင်းသည့်ရောဂါတွင် ရောဂါရှိသူတစ်ဦး လဲှလျောင်းလိုက်သည်နှင့် အဆုတ်တွင်သွေးများ အိုင်လာတတ်သည်။ ခေါင်းနှင့် ကိုယ်ကိုကြမ်းပြင်မှ ၄၅ဒီဂရီခန့် တစ်စောင်းလှဲခြင်းဖြင့် အမောဖောက်ပြီး အိပ်မပျော်ခြင်းမှကာ ကွယ်နိုင်သည်။

သိုင်းရွိုက်လုပ်ငန်းလွန်ကဲခြင်း

သိုင်းရွိုက်အကျိတ်၏ လုပ်ငန်းများလွန်ကဲပြီး သိုင်းရွိုက်ဟော်မုန်းပမာဏများပြားလာသည့်အခါ ညဘက်ချွေးထွက်လွန်ခြင်း၊ စိတ်ပူ ပန်မှုလွန်ကဲခြင်းကြောင့် အိပ်မပျော် ဘဲ ဖြစ်တတ်သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*