အိပ်ပျော်နေချိန်အတွင်း လက်ထပ်လက်စွပ်ကို အမှတ်တမဲ့ မျိုချမိလိုက်တဲ့ သတို့သမီး

အိပ်ပျော်နေချိန်အတွင်း လက်ထပ်လက်စွပ်ကို အမှတ်တမဲ့ မျိုချမိလိုက်တဲ့ သတို့သမီး

၁၉နှစ်အရွယ် Jenna Evans အမည်ရှိ သတို့သမီးတစ်ဦးက သူမရဲ့ သတို့သားဖြစ်တဲ့ Bobby Howell ပေးထားတဲ့ လက်ထပ်လက်စွပ်ကွင်းကို သူမ အိမ်ရာနိုးတဲ့အခါမှာ ပျောက်နေတယ်ဆိုတာသတိထားမိခဲ့ပါတယ်။

သူမက အိမ်မက်လိုလို တကယ်လိုလိုနဲ့ စဝေစဝါ ဖြစ်နေတဲ့ ၂.၄ကရက်ရှိစိန်လက်စွပ် မျိုချခဲ့တဲ့အကြောင်းကို Bobby ကို ပြောပြခဲ့သေးပါတယ်။Bobby Howell က သူမပြောတဲ့အကြောင်းကို သိပ်ပြီး မယုံမကြည်ဖြစ်နေပါတယ်။ ဒါပေမဲ့ သူမ ရယ်တဲ့အခါ တွေဆို အဲ့ဒီလက်စွပ်က ဆူးပြီး ဆင်းကြနေတာကို ခံစားနေရပါတယ်။

နောက်ဆုံးတော့ စုံတွဲနှစ်ဦးက ဆရာဝန်ဆီသွားပြီး သူမရဲ့ အစာအိမ်ထဲမှာ လက်စွပ်ကွင်းရှိနေတယ်ဆိုတာ အမှန်အကန်ဖြစ်ကြောင်း x-ray က ဖော်ပြနေခဲ့ပါတယ်။

သူမသာ အစောကြီး မစစ်ဆေးခဲ့ဘူးဆိုရင် သူမအသက်ပါ ဆုံးရှုံးသွားနိုင်ကြောင်း ဆရာဝန်က ပြောဆိုထားပါတယ်။ “ဆရာဝန်ကသေသွားနိုင်တယ်ပြောလို့ ကျွန်မ တအား ငိုခဲ့မိပါတယ်။ ကျွန်မက လက်ထပ်လက်စွပ်ရဖို့ အချိန်ကြာကြီး စောင့်ခဲ့ရပြီး Bobby Howell နဲ့လက်ထပ်ယူမယ်။” လို့ Jenna က ငိုယိုပြီးပြောပါတယ်။ ကံကောင်းထောက်မလို့ ခွဲစိတ်ကုသခြင်းက အောင်မြင်ပြီး သူမရဲ့ အစာအိမ်အကျော် အူထဲမှာ ရှိတဲ့ လက်စွပ်ကို ထုတ်နိုင်ခဲ့လိုက်ပါတယ်။

ဆရာဝန်က အဲ့ဒီလက်စွပ်ကို Jenna ကို မပေးဘဲ Bobby ကို ပေးခဲ့လိုက်ပါတယ်။ မေ့ဆေး ထိထားခြင်းကြောင့် ကယောင်ချောက်ချားဖြစ်ပြီး Jenna အတော်အတန်ငိုချခဲ့ပါသေးတယ်။ နောက်နေ့ရက်မှာတော့ Bobby က သူမကို လက်စွပ်ကွင်း ပြန်ပေးခဲ့ပြီး “နောက်တခါ မျိုမချတော့ဘူးလို့ ကျွန်မကတိပေးခဲ့ပြီး ကျွန်မတို့ လက်ထပ်ယူခဲ့လိုက်ပါတယ်” လို့ Jenna က ပြောခဲ့သေးပါတယ်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*