အိပ်နေရာမှ ဗိုက်ဆာလာသောကြောင့် သခင်ဖြစ်သူထံ လက်အုပ်လေးချီပြီး အစာတောင်းနေသည့် ချစ်စဖွယ် ကြောင်ကလေး၏ ဗီဒီယိုဖိုင်

အိပ်နေရာမှ ဗိုက်ဆာလာသောကြောင့် သခင်ဖြစ်သူထံ လက်အုပ်လေးချီပြီး အစာတောင်းနေသည့် ချစ်စဖွယ် ကြောင်ကလေး၏ ဗီဒီယိုဖိုင်

လူတို့ဟာ နေအိမ်များတွင် အဖော်ပြုပေးနိုင်ရန်အတွက်လည်းကောင်း အိမ်စောင့်ပေးနိုင်ရန်အတွက်လည်းကောင်း အိမ်မွေးတိရိစ္ဆာန်လေးများကို မွေးမြူတတ်ကြပါတယ်။တိရိစ္ဆာန်တိုင်းဟာ သူတို့၏ မတူကွဲပြားသော အမူအရာလေးများနှင့်အတူ ချစ်စဖွယ်ကောင်းသော ပုံရိပ်လေးများကို ပိုင်ဆိုင်ထားကြပါတယ်။

အိမ်မွေးတိရိစ္ဆာန်များထဲတွင် ကြောင်ကလေးတို့သည် လူသားတို့နှင့် ပူးပူးကပ်ကပ်လုပ်ကာ အမြဲချွဲချင်နေကြသော တိရိစ္ဆာန်များဖြစ်ပေသည်။ယခုတွင်လည်း ကြောင်လေးတစ်ကောင်ဟာ ကြမ်းပြင်တွင် အိပ်နေခဲ့ပြီး အိပ်မပျော်သောကြောင့် ဟိုလိမ့်ဒီလိမ့် လုပ်နေခဲ့ပါတယ်။

ထို့နောက်တွင် ဗိုက်ဆာလာပုံရပြီး လက်အုပ်ကလေးချီပြီး အသံလေးပေးကာ သခင်ဖြစ်သူထံ အစာတောင်းပါတော့တယ်။ထိုအစာတောင်းသည့် ပုံစံလေးဟာ လူတို့၏ နှလုံးသားလေးကို သိမ်းပိုက်နိုင်ခဲ့ပြီး အလွန်ချစ်စရာကောင်းနေခဲ့ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*