အအောက်အဦးမြေနေရာကို အစိုးရထံ မနည်းမနောတဲ့ဈေးနဲ့ဖြတ်ရောင်းခဲ့တဲ့ အိမ်ခြံမြေပိုင်ရှင်တစ်ဦး

တရုတ်နိုင်ငံ Shenzhenမြို့က ကျန်ရှိနေသေးတဲ့ တိုက်အဆောက်အဦးဟောင်းတစ်ခုဟာ ယခုလမှာ ဖြိုချတော့မှာဖြစ်ပြီး အဲဒီမတိုင်မီ ပိုင်ရှင်ဖြစ်သူက အစိုးရထံမှ မနည်းမနောတဲ့တန်ကြေးငွေရရှိခဲ့ပါတယ်။

အဆိုပါ အိမ်ခြံမြေပိုင်ရှင် Yangဟာ Longhua ခရိုင် Shenzhenမြို့က ဟောင်းနွမ်းပျက်စီးနေတဲ့ အဆိုပါအဆောက်အဦးအပါအဝင် မြေနေရာများစွာကို ထိန်းသိမ်းလာခဲ့တာ ၇နှစ်တာကြာခဲ့ပြီးဖြစ်ပြီး နောက်ဆုံးမှာတော့ တရုတ်အစိုးရအား ဖျက်စီးခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အဆိုပါအဆောက်အဦးနေရာကို အစိုးရက မီးရထားဘူတာရုံအတွက် ဒီဇိုင်းဆွဲသတ်မှတ်ထားပြီးနောက် ၂၀၁၀ခုနှစ်ကတည်းက ဖြိုချဖို့ စီစဉ်ထားခဲ့တာပါ။

ကံကောင်းချင်တော့ Yang အတွက် အိမ်ခြံမြေအကျိုးဆောင်တွေက တစ်စတုရန်းမီတာကို ယွမ် ၅၀,၀၀၀ မှ ၅၅,၀၀၀ (မြန်မာငွေ သိန်း ၉၀မှ သိန်း၁၁၀)အထိခန့်မှန်းထားကြပါတယ်။

Yangဟာ သူ့ရဲ့ပိုင်ဆိုင်မှုကို လွန်ခဲ့တဲ့ ၇နှစ်ကတည်းက ရောင်းချခဲ့ပါက ယွမ်ငွေ ၆.၅သန်း(သိန်းပေါင်း ၁၂,၀၀၀) ကျော်လောက် ပေါက်ဈေးရမယ်လို့ခန့်မှန်းထားကြပြီး ယခုအချိန်မှာတော့ ဒေသခံအစိုးရက Yangရဲ့စတုရန်းမီတာ ၁၀၀၀လောက်ရှိတဲ့ပိုင်ဆိုင်မှုအတွက် ယွမ်ငွေ ၁၆ သန်း(သိန်းပေါင်း ၃၀,၀၀၀)ကျော် တန်ဖိုးဖြတ်ပေးခဲ့ပြီး အဆိုပါမြေနေရာအားလုံးကို မြောက်ပိုင်း Shenzhen မြို့ရဲ့ဘူတာရုံအသစ်တိုးချဲ့မှုအစိတ်အပိုင်းတစ်ခုအဖြစ် အသုံးပြုသွားမှာဖြစ်ပါတယ်။

Yangဟာ ၁၉၉၃ခုနှစ်ကတည်းက သူမအိမ်ခြံမြေနေရာမှာ လူနေအိမ်ရာတွေဆောက်လုပ်ဖို့ ရည်ရွယ်ခဲ့ပေမဲ့ ဆောက်လုပ်ရေးကို အကြောင်းအမျိုးမျိုးကြောင့် အပြီးမသတ်နိုင်ခဲ့ပါဘူး။အဲ့တော့ ဖျက်ဆီးတဲ့နေရာမှာ နှစ်ယောက်မရှိတဲ့တရုတ်က အဆိုပါ အဆောက်အဦးကို ၂၄နာရီအတွင်း ဖြိုချလိုက်ပါတော့တယ်။ဒီတသက် ပိုက်ဆံတွေဖြုန်းလို့တောင်ကုန်မှာမဟုတ်တဲ့ Yangအတွက်ကတော့ ဝမ်းသာအားရမှုကြီးတစ်ခုအလားဖြစ်နေခဲ့ပါတော့တယ်။။ဒါကြောင့် ဝယ်ထားတဲ့မြေနေရာလေးတွေရှိရင်လည်း မရောင်းဘဲ Yangလို ခေါင်းမာမာနဲ့ဥထားကြပါလို့ ပြောခဲ့လိုက်ချင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*