အသုဘပွဲက လူတိုင်းကို သူ့ရဲ့pre record လုပ်ထားတဲ့အသံဖိုင်နဲ့ ရယ်မောသွားအောင် စနောက်ခဲ့သေးတဲ့ ကွယ်လွန်သူအမျိုးသား

အသုဘပွဲက လူတိုင်းကို သူ့ရဲ့pre record လုပ်ထားတဲ့အသံဖိုင်နဲ့ ရယ်မောသွားအောင် စနောက်ခဲ့သေးတဲ့ ကွယ်လွန်သူအမျိုးသား

အသုဘပွဲက အမှန်တကယ်ကို ဝမ်းနည်းကြေကွဲစရာကောင်းတဲ့အခမ်းအနားတစ်ခုပါ။သို့ပေမဲ့ အမျိုးသားတစ်ဦးက သူ့ရဲ့ဈာပနာအခမ်းအနားသို့တက်ရောက်သူတိုင်းအား ရယ်မောခြင်းဖြင့် သူ့အသုဘပွဲကို အဆုံးသတ်သွားစေခဲ့ပါတယ်။သူဟာ သူ့ရဲ့အခေါင်းကို မြေမြုပ်ဖို့လုပ်တဲ့အချိန်မှာ သူရဲ့pre record လုပ်ထားတဲ့ အသံဖိုင်ကို ဖွင့်ပေးဖို့ မိသားစုတွေကို မှာခဲ့ပါတယ်။

၎င်းအသံဖိုင်ကို ဖွင့်လိုက်တဲ့အချိန်မှာ ရလဒ်အနေနဲ့ သူ့သူငယ်ချင်းတွေနဲ့ ချစ်ရသူတွေက ငိုရင်း ရယ်ရင်း ဖြစ်သွားခဲ့ရပါတယ်။ Shay Bradley အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ သူ့သူငယ်ချင်းတွေနဲ့မိသားစုဝင်တွေအား ရယ်မောပျော်ရွှင်စေလိုတဲ့ ရာသက်ပန်အစအနောက်ပြောင်မြောက်သူလို့ လူသိများပါတယ်။

Ireland နိုင်ငံ Dublin မြို့မှ မြေး ၈ယောက်ရဲ့အဘိုးဖြစ်တဲ့ Shay ဟာ သူကွယ်လွန်တော့မှာကို သိနေခဲ့ပြီး သူ့ရဲ့အသုဘပွဲကို တက်ရောက်လာကြမယ့်ငိုကြွေးမြည်တမ်းသူတွေအားလုံးအတွက် ဟာသတစ်ခုကျန်ထားခဲ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။သမီးဖြစ်သူ Andrea Bradley က မှတ်တမ်းတင်ထားတဲ့သူ့ရဲ့အသုဘပွဲဗီဒီယိုမှာ အခေါင်းထဲကနေ ’ Hello ’လို့ အသံထွက်လာတော့ ရုတ်တရက် ပွဲကလူတွေကို ထိတ်လန့်သွားစေခဲ့ပါတယ်။

အခေါင်းတလားကနေထွက်လာတဲ့အသံက နောက်ပြောင်လိုက်တဲ့ Shay ရဲ့ pre record လုပ်ထားခဲ့တဲ့ အသံဖိုင်တစ်ခုဖြစ်နေခဲ့ပါတယ်။ဗီဒီယိုထဲအရ တီးမှုတ်သံတွေစတင်တီးခတ်နေတုန်း စိတ်မသာညည်းတွားသူတွေက အစပိုင်းမှာ ဝမ်းနည်းနေပုံရပါတယ်။သို့ပေမဲ့ အခေါင်းထဲကနေ ‘ Hello ’ ၊ ‘ ငါ့ကို အပြင်ထုတ်ပေး ၊ ဒီမှာ အရမ်းမှောင်နေတယ် ’ လို့ ကျယ်လောင်စွာ အော်လိုက်တဲ့အသံကြောင့် ငိုရင်း ရယ်မောနေခဲ့ကြပါတယ်။

သူ့ပွဲထဲကလူတွေက အနောက်သန်လွန်းတဲ့သူ့အကြောင်းကို ချက်ချင်းသိသွားကြပုံပါဘဲ။ Shay ဟာ သူ့ရဲ့အသုဘအခမ်းအနားမှာ စိတ်မသာညည်းတွားနေသူတွေအားလုံးကို မခံစားစေချင်ဘူးဆိုတာကို အရှင်းသားမြင်စေခဲ့ပါတယ်။ထို့အပြင် သူ့အသံဖိုင်ထဲမှာ ရယ်စရာကောင်းတဲ့သီချင်းတစ်ပုဒ်ကို သီဆိုနေတာလည်း ပါဝင်ခဲ့ပါသေးတယ်။

Shay ရဲ့ဇနီးဖြစ်သူအဆိုအရ Shay ဟာ တစ်ကယ်လည်း အစအနောက်သန်ပြီး မိသားစုဝင်တွေကို မရိုးနိုင်တဲ့နည်းလမ်းတွေနဲ့ ရယ်မောအောင် ပြုလုပ်တတ်သူပါ။“ သူက ကျွန်မတို့ မိသားစုအတွက်နဲ့ လူအများအတွက် ဘယ်တော့မှ မေ့သွားမှာမဟုတ်တဲ့လူတစ်ယောက်အဖြစ် တည်ရှိနေမှာပါ” လို့ ဇနီးဖြစ်သူက ဆိုခဲ့ပါသေးတယ်။

 

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*