အသားပြား၊ အူချောင်း၊ ဘာဂါစားခြင်းက ဆေးလိပ်ကဲ့သို့ပင် ကင်ဆာဖြစ်စေ

အသားပြားတွေ၊ အူချောင်းတွေ၊ ဘာဂါတွေ စားခြင်းက ဆေးလိပ်သောက်သကဲ့သို့ပင် ကင်ဆာဖြစ်နိုင်မှု အန္တရာယ်ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအကြီးအကဲတွေက နေ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကနေ ကင်ဆာဖြစ်စေနိုင်ဆုံး အစားအစာ စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။

အနီရောင်အသား (Red meat) တွေအစိမ်းစားခြင်းက တစ်သျှူးတွေကို ကင်ဆာဖြစ်စေနိုင်တဲ့ထဲမှာ ပါဝင်ပါတယ်။ အနီရောင်အသားဆိုတာက သိုး၊ ဆိတ်၊ ဝက်၊ အမဲ စတဲ့ အသားတွေပါ။ တာရှည်ခံထုတ်ကုန်တွေထက်ကို အန္တရာယ်နည်းနည်းပဲ လျော့ပါတယ်။ ဒီအဖွဲ့အစည်းဟာ အရင်းအမြစ်သေချာလိုက်ပြီး ဒီအချက်တွေကို ထုတ်ပြန်ထားတာပါ။ ဒီ့အတွက် မွေးမြူရေး လုပ်ငန်းတွေနဲ့ အသင့်စားလုပ်ငန်းတွေကို တုန်လှုပ်သွားစေခဲ့ပါတယ်။


ဒီအချက်တွေက စားသုံးမှု လမ်းညွှန်ချက်တွေနဲ့ အသားပြားအထုတ် တွေပေါ်မှာ သတိပေးစာ ကပ်ဖို့ကိုပါ ဖြစ်လာနိုင်ပါတယ်။

ဗြိတိန်မှာဆိုရင် အနီရောင်အသားစားပြီး ကင်ဆာဖြစ်လို့ သေဆုံးသူအရေအတွက်ဟာ တစ်နှစ်တစ်နှစ်ကို ၁၅၀၀၀၀ ကျော်ရှိပါတယ်။ ဒီအကြောင်းကို WHO ရဲ့ ကင်ဆာသုတေသန နိုင်ငံတကာအေဂျင်စီ ကနေ သတိပေးချက် ပြုထားပါတယ်။

ဒီကင်ဆာ အန္တရာယ်တွေကို သိထားရင် ပိုပြီးကျန်းမာစေမယ့် နေ့စဉ်နေထိုင်မှုပုံစံနဲ့ ကင်ဆာဖြစ်နိုင်မှုနှုန်းကို ထက်ဝက် တားဆီးနိုင်မှာ ဖြစ်ပါတယ်။

အနီရောင်အသားမှာ အဆီဓာတ်ပါဝင်မှုနှုန်း မြင့်ပြီး ဒီအနီရောင်က အူမကြီးအလွှာကို ထိခိုက်စေနိုင်ပါတယ်။ အနီရောင်အသားစားမယ်ခြင်းက အူမကြီးကင်ဆာ ဖြစ်နိုင်မှု အန္တရာယ်ကို တိုးမြင့်စေပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*