အသည်းကွဲပြီးနောက် လက်မောင်းပေါ်မှာ ထိုးထားတဲ့ ကောင်မလေးနာမည်ကို နာမည်ကြီးခေါက်ဆွဲတံဆိပ်အဖြစ် ပြောင်းခဲ့ရတဲ့ကောင်လေးတစ်ဦး

အသည်းကွဲပြီးနောက် လက်မောင်းပေါ်မှာ ထိုးထားတဲ့ ကောင်မလေးနာမည်ကို နာမည်ကြီးခေါက်ဆွဲတံဆိပ်အဖြစ် ပြောင်းခဲ့ရတဲ့ကောင်လေးတစ်ဦး

လူအများစုက သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို သူတို့ရဲ့ ကြင်ဖော်ကြင်ဖက်တွေ သို့မဟုတ် မိသားစုဝင်တစ်ဦးကိုပင် သူတို့ရဲ့နာမည် သို့မဟုတ် ရုပ်ပုံတွေကို တက်တူးထိုးခြင်းအားဖြင့် ပြချင်ကြတာပါ ။

ကောင်းပြီ အခုဖော်ပြပေးမယ့် Ivan Go အမည်ရှိ ချစ်စရာကောင်းတဲ့ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ ချစ်သူကောင်မလေးဖြစ်တဲ့ “Naomi” ဆိုတဲ့နာမည်ကို သူ့ရဲ့လက်မောင်းပေါ်ထိုးပြီး တစ်သက်တာလုံး ရည်စူးထားကာ အလွန်ချစ်မြတ်နိုးကြောင်းကို သက်သေပြခဲ့ပါတယ် ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အဆက်ဖြတ်လိုက်တဲ့အခါမှာ Ivan Go က “Naomi” ဆိုတဲ့ တက်တူးကို ဖယ်ရှားချင်ခဲ့ပါတယ် ။

နာမည်တစ်ခုကို ရုပ်ပုံအဖြစ် ပြောင်းလိုက်မယ်ဆိုရင် ကြည့်မလှတော့ဘဲ ညစ်ပတ်ပေသွားနိုင်တယ် ။ ဒါပေမဲ့ သူက အင်ဒိုနီးရှားနိုင်ငံမှာ လူကြိုက်များတဲ့ နာမည်ကြီးအသင့်စားခေါက်ဆွဲခြောက်ဖြစ်တဲ့ Indomie ကို ပြောင်းဖို့ အကြံအစည် ထွက်ပေါ်လာခဲ့ပါတယ် ။

Zawgyi

အသည္းကြဲၿပီးေနာက္ လက္ေမာင္းေပၚမွာ ထိုးထားတဲ့ ေကာင္မေလးနာမည္ကို နာမည္ႀကီးေခါက္ဆြဲတံဆိပ္အျဖစ္ ေျပာင္းခဲ့ရတဲ့ေကာင္ေလးတစ္ဦး


လူအမ်ားစုက သူတို႔ရဲ႕ ခ်စ္ျခင္းေမတၱာကို သူတို႔ရဲ႕ ၾကင္ေဖာ္ၾကင္ဖက္ေတြ သို႔မဟုတ္ မိသားစုဝင္တစ္ဦးကိုပင္ သူတို႔ရဲ႕နာမည္ သို႔မဟုတ္ ႐ုပ္ပုံေတြကို တက္တူးထိုးျခင္းအားျဖင့္ ျပခ်င္ၾကတာပါ ။

ေကာင္းၿပီ အခုေဖာ္ျပေပးမယ့္ Ivan Go အမည္ရွိ ခ်စ္စရာေကာင္းတဲ့ေကာင္ေလးတစ္ေယာက္ဟာ သူ႔ရဲ႕ ခ်စ္သူေကာင္မေလးျဖစ္တဲ့ “Naomi” ဆိုတဲ့နာမည္ကို သူ႔ရဲ႕လက္ေမာင္းေပၚထိုးၿပီး တစ္သက္တာလုံး ရည္စူးထားကာ အလြန္ခ်စ္ျမတ္ႏိုးေၾကာင္းကို သက္ေသျပခဲ့ပါတယ္ ။ ဒါေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ အဆက္ျဖတ္လိုက္တဲ့အခါမွာ Ivan Go က “Naomi” ဆိုတဲ့ တက္တူးကို ဖယ္ရွားခ်င္ခဲ့ပါတယ္ ။

နာမည္တစ္ခုကို ႐ုပ္ပုံအျဖစ္ ေျပာင္းလိုက္မယ္ဆိုရင္ ၾကည့္မလွေတာ့ဘဲ ညစ္ပတ္ေပသြားႏိုင္တယ္ ။ ဒါေပမဲ့ သူက အင္ဒိုနီးရွားႏိုင္ငံမွာ လူႀကိဳက္မ်ားတဲ့ နာမည္ႀကီးအသင့္စားေခါက္ဆြဲေျခာက္ျဖစ္တဲ့ Indomie ကို ေျပာင္းဖို႔ အႀကံအစည္ ထြက္ေပၚလာခဲ့ပါတယ္ ။

 

Be the first to comment

Leave a Reply

Your email address will not be published.


*