
အသက် 80 အရွယ်ဆိုပေမဲ့လည်း မိသားစုဝင်တွေရဲ့ ထမင်းဖိုးအတွက် တစ်မြို့လုံးလှည့်ပြီး ဈေးရောင်းနေရတဲ့ အဘိုးအို
ဖိလစ်ပိုင်နိုင်ငံမှာနေထိုင်တဲ့ အသက် 80 အရွယ်အဘိုးအိုဟာ နေ့စဉ် 20 km ခန့် လမ်းလျှောက်ပြီး ဈေးလှည့်လည်ရောင်းချလေ့ရှိပါတယ် ။ အဘိုးအိုဟာ bagoong လို့ ခေါ်တဲ့ ပုဇွန် ၊ ငါးအသေးလေးနဲ့ပြုလုပ်ထားတဲ့ ဟင်းအနှစ်မျိုးကို ပုံးလေးထဲထည့်ပြီး လှည့်လည်ရောင်းချနေခဲ့တာပါ ။ အဆိုပါ ဟင်းအနှစ်မျိုးက ကြာရှည်ခံလို့ လူတွေက အမြဲဝယ်စားလေ့မရှိပါဘူး ။ သို့ပေမဲ့လည်း အဘိုးအိုဟာ မိသားစုဝင်တွေရဲ့ စားဝတ်နေရေးအတွက် နေ့စဉ်အမြဲဈေးရောင်းထွက်ခဲ့ပါတယ် ။
အဘိုးအိုရဲ့အသက်အရွယ်နဲ့ မလိုက်ဖက်လောက်အောင် ဈေးရောင်းနေခဲ့လို့ လူအတော်အများက မိသားစုဝင်တွေအနေနဲ့ အဆင်ပြေမဲ့အလုပ်မျိုးရရှိသွားကြဖို့ ဆုတောင်းပေးနေလျက်ရှိပါတယ် ။ အဲတာမှ အဘိုးအိုဟာ နေအိမ်မှာ အေးဆေးသက်သာစွာအနားယူရမှာဖြစ်ကြောင်းလည်း ပြောဆိုခဲ့ကြပါတယ် ။
Zawgyi
အသက္ 80 အရြယ္ဆိုေပမဲ့လည္း မိသားစုဝင္ေတြရဲ႕ ထမင္းဖိုးအတြက္ တစ္ၿမိဳ႕လံုးလွည့္ၿပီး ေစ်းေရာင္းေနရတဲ့ အဘိုးအို
ဖိလစ္ပိုင္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 80 အရြယ္အဘိုးအိုဟာ ေန႔စဥ္ 20 km ခန္႔ လမ္းေလ်ွာက္ၿပီး ေစ်းလွည့္လည္ေရာင္းခ်ေလ့႐ွိပါတယ္ ။ အဘိုးအိုဟာ bagoong လို႔ ေခၚတဲ့ ပုဇြန္ ၊ ငါးအေသးေလးနဲ႔ျပဳလုပ္ထားတဲ့ ဟင္းအႏွစ္မ်ိဳးကို ပံုးေလးထဲထည့္ၿပီး လွည့္လည္ေရာင္းခ်ေနခဲ့တာပါ ။ အဆိုပါ ဟင္းအႏွစ္မ်ိဳးက ၾကာ႐ွည္ခံလို႔ လူေတြက အျမဲဝယ္စားေလ့မ႐ွိပါဘူး ။ သို႔ေပမဲ့လည္း အဘိုးအိုဟာ မိသားစုဝင္ေတြရဲ႕ စားဝတ္ေနေရးအတြက္ ေန႔စဥ္အျမဲေစ်းေရာင္းထြက္ခဲ့ပါတယ္ ။
အဘိုးအိုရဲ႕အသက္အရြယ္နဲ႔ မလိုက္ဖက္ေလာက္ေအာင္ ေစ်းေရာင္းေနခဲ့လို႔ လူအေတာ္အမ်ားက မိသားစုဝင္ေတြအေနနဲ႔ အဆင္ေျပမဲ့အလုပ္မ်ိဳးရ႐ွိသြားၾကဖို႔ ဆုေတာင္းေပးေနလ်က္႐ွိပါတယ္ ။ အဲတာမွ အဘိုးအိုဟာ ေနအိမ္မွာ ေအးေဆးသက္သာစြာအနားယူရမွာျဖစ္ေၾကာင္းလည္း ေျပာဆိုခဲ့ၾကပါတယ္ ။
Leave a Reply