
အသက် 20 အရွယ် နာမည်ကြီးပြိုင်ဘီးဆိုင်ကယ်မောင်းနေတဲ့ကောင်မလေးက FaceApp သုံးထားတဲ့ အသက်50အရွယ်အမျိုးသားဖြစ်နေ
မကြာသေးခင်က ဂျပန်နိုင်ငံမှာ lady biker ဆိုပြီး နာမည်ကြီးနေခဲ့တဲ့ မိန်းမချောလေးဟာ အမှန်တကယ်မှာတော့ အသက် 50 အရွယ်အမျိုးသားတစ်ဦးဖြစ်နေခဲ့ပါတယ် ။ @azusagakuyuki အမည်ရှိတဲ့ Twitter အသုံးပြုသူမိန်းကလေးဟာ follower 17,000 ရှိသူဖြစ်ပြီး ဆိုင်ကယ်အမျိုးမျိုးကိုစီးပြီး မကြာခဏ pose တင်နေသူပါ ။
တစ်ရက်မှာတော့ မျက်စိလျင်လွန်းတဲ့သူတစ်ဦးက ဓာတ်ပုံထဲက Azusa ရဲ့ မှန်ပေါ်မှာရောင်ပြန်နေတဲ့ပုံစံကို သတိထားမိသွားခဲ့ချိန်မှာတော့ အသက် 20 အရွယ်ကောင်မလေးမဟုတ်နေဘဲ လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးဖြစ်နေခဲ့တာပါ ။
ဂျပန်နိုင်ငံရဲ့ variety show တစ်ခုမှ producer တစ်ဦးဟာလည်း Azusa ရဲ့နောက်ကို နောက်ယောင်ခံလိုက်ခဲ့ပါတယ် ။ နောက်ဆုံး Azusa ဆိုင်ကယ်ဦးထုပ်ချွတ်ခဲ့ချိန်မှာတော့ အသက် 50 အရွယ်အမျိုးသားတစ်ဦးဖြစ်နေမှန်း ထုတ်ဖော်နိုင်ခဲ့ပြီး ၊ မေးမြန်းခဲ့ချိန်မှာတော့ Faceapp ကိုအသုံးပြုပြီး မျက်နှာကိုပြောင်းလဲခဲ့တာဖြစ်ကြောင်း Azusa ကိုယ်တိုင် ထုတ်ဖော်ခဲ့ပါတယ် ။
ယောက်င်္ကျားလေးဖြစ်ကြောင်း နဲ့ အသက်အရွယ်ကို ဖုံးကွယ်ထားခဲ့ရတဲ့အကြောင်းအရင်းကတော့ သူကိုယ်တိုင်က ဆိုင်ကယ်တွေကိုဘယ်လောက်ကြိုက်နှစ်သက်လည်းဆိုတာကို ဝေမျှပေးချင်လို့ အသက်အရွယ်ကြီးရင့်တဲ့အမျိုးသားဆိုရင် ဘယ်သူကမှသတိထားမိကြမှာ မဟုတ်လို့ဖြစ်ကြောင်း ဒါကြောင့် လှပတဲ့မိန်းမငယ်လေးရုပ်ကိုပြောင်းလဲခဲ့ချိန်မှာတော့ follower အများကြီးရရှိသွားခဲ့ကြောင်း ပြောပြခဲ့ပါတယ် ။
Zawgyi
Leave a Reply