အသက် 14 နှစ်အရွယ်လို့ ထင်ရလောက်အောင် နုပျိုလွန်းလို့ ဘဝတစ်လျှောက်လုံးအခက်တွေ့နေရတဲ့ 32 နှစ်အရွယ် အမျိုးသားရဲ့အဖြစ် (ရုပ်သံ)

အသက် 14 နှစ်အရွယ်လို့ ထင်ရလောက်အောင် နုပျိုလွန်းလို့ ဘဝတစ်လျှောက်လုံးအခက်တွေ့နေရတဲ့ 32 နှစ်အရွယ် အမျိုးသားရဲ့အဖြစ် (ရုပ်သံ)

Denis Vashurin အမည်ရှိတဲ့အမျိုးသားဟာ 1987 ခုနှစ်မှာ မွေးဖွားခဲ့သူဖြစ်လို့ ယခုဆိုရင် အသက် 30 ကျော်အရွယ်ဖြစ်နေပါပြီ ။ သို့ပေမဲ့လည်း ဘယ်လိုပဲကြည့်ကြည့် Denis ဟာ ဆယ်ကျော်သက်အရွယ်ကလေးတစ်ယောက်နဲ့ ဆင်တူနေဆဲပါပဲ ။ Denis ဟာ popular ဖြစ်လွန်းတဲ့ YouTube channel ‘Vasya na sene’ မှာ အင်တာဗျူးဖြေဆိုခဲ့ပြီးနောက် သူ့ရဲ့အကြောင်းဟာ ရုရှားနိုင်ငံရဲ့ social media ပေါ်မှာ အတော်လေးကို ရေပန်းစားသွားခဲ့ပါတယ် ။

Denis ဟာ အသက် 32 နှစ်အရွယ်ရှိနေပြီဖြစ်ပေမဲ့လည်း ဘယ်သူကမှ မယုံကြည်ကြလို့ သူ့ရဲ့ဘဝဟာ အခက်တွေ့နေလျက်ရှိပါတယ် ။ ဒါကြောင့် Denis ဟာ မြို့တွေမှာ ပြောင်းရွှေ့နေထိုင်းခြင်းမျိုးမရှိဘဲ ၊ လူတိုင်းက သူ့ကိုသိတဲ့ ရွာလေးမှာသာနေထိုင်ပြီး သူနှစ်သက်တဲ့ ငါးမျှားခြင်း ၊ အမဲလိုက်ခြင်းနဲ့ ချစ်သူကောင်မလေးနဲ့အတူအချိန်ဖြုန်းခြင်းတို့ကိုသာ ပြုလုပ်နေလျက်ရှိပါတယ် ။

Denis ဟာ ငယ်ရွယ်စဉ်အချိန်ကတည်းက သေးငယ်လွန်းသူဖြစ်ပေမဲ့လည်း သိသာခြင်းမရှိဘဲ အခြားကလေးတွေလို တက်ကြွလွန်းသူပါ ။ သို့ပေမဲ့လည်း အခြားသူတွေအရွယ်ရောက်လာချိန်မှာတော့ သူဟာကြီးထွာမှုနှုန်းတွေရပ်တန့်သွားခဲ့လို့ ဘွဲ့ယူချိန်မှာ အခြားသူတွေက အရွယ်ရောက်နေသူတွေဖြစ်ကြပေမဲ့ သူ့ပုံစံက ကလေးငယ်တစ်ယောက်လိုဖြစ်နေခဲ့ပါတယ် ။ တစ်ခါကလည်း ယာဉ်ထိန်းရဲတစ်ဦးက ကားပေါ်မှသူ့ကိုခေါ်ဆင်းပြီး ယညဉ်မောင်းလိုင်စင်ထုတ်ပြခိုင်းခဲ့ပါတယ် ။ ယာဉ်မောင်းလိုင်စင်ကြည့်ပြီးမှ သူ့အားငယ်ရွယ်နုပျိုလွန်းသူဆိုပြီး ကျီစယ်သွားခဲ့ပါတယ် ။

ဒါကြောင့် Denis ရဲ့ဘဝဟာ ခက်ခဲလွန်းလှပြီး ဘာပဲလုပ်လုပ် သူ့အကြောင်းမသိသူတွေက အသက်မပြည့်သေးတဲ့ ကလေးငယ်တစ်ယောက်လို ဆက်ဆံနေကြလို့ ခက်ခဲကြမ်းတမ်းနေခဲ့တာပါ ။ သို့ပေမဲ့လည်း သူ့ရဲ့ချစ်သူကောင်မလေးနဲ့က သိကျွမ်းခဲ့ကြတာ အတော်လေးကိုကြာနေပြီဖြစ်လို့ နိုင်ငံသားစီစစ်ရေးကတ်ပြားထုတ်ပြပြီး အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်ကြောင်း သက်သေ မပြရတာ ကံကောင်းတယ်လို့ပြောရမှာပါပဲလေ ။

Zawgyi

အသက္ 14 ႏွစ္အ႐ြယ္လို႔ ထင္ရေလာက္ေအာင္ ႏုပ်ိဳလြန္းလို႔ ဘဝတစ္ေလွ်ာက္လုံးအခက္ေတြ႕ေနရတဲ့ 32 ႏွစ္အ႐ြယ္ အမ်ိဳးသားရဲ႕အျဖစ္ (႐ုပ္သံ)

Denis Vashurin အမည္ရွိတဲ့အမ်ိဳးသားဟာ 1987 ခုႏွစ္မွာ ေမြးဖြားခဲ့သူျဖစ္လို႔ ယခုဆိုရင္ အသက္ 30 ေက်ာ္အ႐ြယ္ျဖစ္ေနပါၿပီ ။ သို႔ေပမဲ့လည္း ဘယ္လိုပဲၾကည့္ၾကည့္ Denis ဟာ ဆယ္ေက်ာ္သက္အ႐ြယ္ကေလးတစ္ေယာက္နဲ႔ ဆင္တူေနဆဲပါပဲ ။ Denis ဟာ popular ျဖစ္လြန္းတဲ့ YouTube channel ‘Vasya na sene’ မွာ အင္တာဗ်ဴးေျဖဆိုခဲ့ၿပီးေနာက္ သူ႔ရဲ႕အေၾကာင္းဟာ ႐ုရွားႏိုင္ငံရဲ႕ social media ေပၚမွာ အေတာ္ေလးကို ေရပန္းစားသြားခဲ့ပါတယ္ ။

Denis ဟာ အသက္ 32 ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္ေပမဲ့လည္း ဘယ္သူကမွ မယုံၾကည္ၾကလို႔ သူ႔ရဲ႕ဘဝဟာ အခက္ေတြ႕ေနလ်က္ရွိပါတယ္ ။ ဒါေၾကာင့္ Denis ဟာ ၿမိဳ႕ေတြမွာ ေျပာင္းေ႐ႊ႕ေနထိုင္းျခင္းမ်ိဳးမရွိဘဲ ၊ လူတိုင္းက သူ႔ကိုသိတဲ့ ႐ြာေလးမွာသာေနထိုင္ၿပီး သူႏွစ္သက္တဲ့ ငါးမွ်ားျခင္း ၊ အမဲလိုက္ျခင္းနဲ႔ ခ်စ္သူေကာင္မေလးနဲ႔အတူအခ်ိန္ျဖဳန္းျခင္းတို႔ကိုသာ ျပဳလုပ္ေနလ်က္ရွိပါတယ္ ။

Denis ဟာ ငယ္႐ြယ္စဥ္အခ်ိန္ကတည္းက ေသးငယ္လြန္းသူျဖစ္ေပမဲ့လည္း သိသာျခင္းမရွိဘဲ အျခားကေလးေတြလို တက္ႂကြလြန္းသူပါ ။ သို႔ေပမဲ့လည္း အျခားသူေတြအ႐ြယ္ေရာက္လာခ်ိန္မွာေတာ့ သူဟာႀကီးထြာမႈႏႈန္းေတြရပ္တန႔္သြားခဲ့လို႔ ဘြဲ႕ယူခ်ိန္မွာ အျခားသူေတြက အ႐ြယ္ေရာက္ေနသူေတြျဖစ္ၾကေပမဲ့ သူ႔ပုံစံက ကေလးငယ္တစ္ေယာက္လိုျဖစ္ေနခဲ့ပါတယ္ ။ တစ္ခါကလည္း ယာဥ္ထိန္းရဲတစ္ဦးက ကားေပၚမွသူ႔ကိုေခၚဆင္းၿပီး ယညဥ္ေမာင္းလိုင္စင္ထုတ္ျပခိုင္းခဲ့ပါတယ္ ။ ယာဥ္ေမာင္းလိုင္စင္ၾကည့္ၿပီးမွ သူ႔အားငယ္႐ြယ္ႏုပ်ိဳလြန္းသူဆိုၿပီး က်ီစယ္သြားခဲ့ပါတယ္ ။

ဒါေၾကာင့္ Denis ရဲ႕ဘဝဟာ ခက္ခဲလြန္းလွၿပီး ဘာပဲလုပ္လုပ္ သူ႔အေၾကာင္းမသိသူေတြက အသက္မျပည့္ေသးတဲ့ ကေလးငယ္တစ္ေယာက္လို ဆက္ဆံေနၾကလို႔ ခက္ခဲၾကမ္းတမ္းေနခဲ့တာပါ ။ သို႔ေပမဲ့လည္း သူ႔ရဲ႕ခ်စ္သူေကာင္မေလးနဲ႔က သိကြၽမ္းခဲ့ၾကတာ အေတာ္ေလးကိုၾကာေနၿပီျဖစ္လို႔ ႏိုင္ငံသားစီစစ္ေရးကတ္ျပားထုတ္ျပၿပီး အ႐ြယ္ေရာက္ၿပီးသူတစ္ေယာက္ျဖစ္ေၾကာင္း သက္ေသ မျပရတာ ကံေကာင္းတယ္လို႔ေျပာရမွာပါပဲေလ ။

Be the first to comment

Leave a Reply

Your email address will not be published.


*